October 28
Australia နိုင်ငံ၊ ပါ့စ်Perth မြို့မှာရှိ မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်မှုကို ဖေါ်ဆောင်ဖို့ ရည်ရွယ်သည့် “Perth Burmese Communities Cultural Festival” ကိုအောက်တိုဘာ ၂၉ရက်နေ့တွင်ကျင်းပမည်ဟု သိရသည်။
အဆိုပါပွဲတော်တွင် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံရိုးရာအကများ၊အစားအစာများ၊ ရိုးရာပစ္စည်းများ၊ စွမ်းရည်ပြပွဲနှင့်အတူ Perthမြို့ရှိ့ဂီတအနုပညာရှင်များရဲ့ Live music band ဖြင့်ဖျော်ဖြေခြင်းများနှင့်အတူ အထူးဧည်သည့်တော်အဖြစ် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ မင်းမော်ကွန်းရဲ့ သီဆိုဖျော်ဖြေခြင်းများ ပါဝင်မှာဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဒါမျိုးရန်ပုံငွေရှာဖွေပွဲတော်တွေကို တော်တော်များများပြုလုပ်ပြီးပါပြီ။ အဲဒီကနေ ရရှိလာတဲ့ရန်ပုံငွေများကိုလည်း မြန်မာပြည်အတွက် လိုအပ်သော နေရာနှင့်အဖွဲ့များကို လှုဒါန်းပြီးဖြစ်သလို အခုကျင်းပတဲ့ ပွဲကနေရလာတဲ့ အလှူငွေတွေကိုလည်း ထပ်ပြီးတော့ လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ''Myanmar Democratic Network Western Australia ၏ ဥက္ကဋ္ဌဖြစ်သူ Ram TinThei ကပြောသည်။
Myanmar Democratic Network Western Australia မှ ဦးစီးကျင်းပသည့် ယခုပွဲတော်ကို ဩစတေးလျနိုင်ငံရှိ နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးမှလည်း တက်ရောက်ကြမည်ဖြစ်ပြီး ရရှိလာသည့်အလှူငွေများကို မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ NUG, PDF, ERO, IDPs တွေကို လှူဒါန်းသွားမှာဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)