ပါကစ္စတန် ဆေးရုံ၌ လူသေအလောင်းရာချီ တွေ့ရှိမှုကိစ္စ အစိုးရ၏ စုံစမ်းရေးကော်မတီကို ဘာလို့ချ် လူ့အခွင့်အရေးအဖွဲ့ ပယ်ချ

By Latestly
25 October 2022
ပါကစ္စတန် ဆေးရုံ၌ လူသေအလောင်းရာချီ တွေ့ရှိမှုကိစ္စ အစိုးရ၏ စုံစမ်းရေးကော်မတီကို ဘာလို့ချ် လူ့အခွင့်အရေးအဖွဲ့ ပယ်ချ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့ ဆေးရုံတစ်ရုံ၌ လူသေအလောင်း ရာနှင့်ချီ တွေ့ရှိမှုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ ထူထောင်ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဘာလို့ချ် အခွင့်အရေး အဖွဲ့တစ်ခုက လက်မခံဘဲ ပယ်ချလိုက်သည်။

ယခု ဖြစ်ရပ်ဆိုးနှင့်ပတ်သက်ပြီး အထူးအလေးထား အာရုံစိုက် ဆောင်ရွက်ပေးရန်နှင့် တရားမျှတမှု ရရှိရေး တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် အဆိုပါအဖွဲ့က နိုင်ငံ၏ အမြင့်ဆုံး တရားရုံးထံ ပန်ကြားခဲ့သည်။

မကြာသေးခင်က မူလ်တန်မြို့ နစ်ရှ်တာ ဆေးရုံအမိုးပေါ်တွင် လူသေအလောင်း ရာချီ တွေ့ရှိမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ပူပန်ကြောင်း ဘာလို့ချ် ပျောက်ဆုံးနေသူများအရေး ထုတ်ဖော်သံအဖွဲ့ (VBMP) က ပြောကြားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်က အလောင်းများ တွေ့ရှိမှုကိစ္စက လူမှုမီဒီယာပေါ် ပျံ့နှံ့ရောက်ရှိလာခဲ့ပြီးနောက် နစ်ရှ်တာ ဆေးရုံ အမိုးပေါ်တွင် စုပုံစွန့်ပစ်ထားသော အလောင်းများ၏ ဗီဒီယိုများက နိုင်ငံကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။

ဆေးရုံ၏ ရင်ခွဲရုံ အမိုးပေါ် အခန်းတစ်ခုထဲတွင် ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရသည့် အလောင်း ဒါဇင်များစွာကို တွေ့ရှိခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များကို ကိုးကားပြီး ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required