တရုတ်သမ္မတ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကျဆင်း

တရုတ်သမ္မတ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကျဆင်း

ရှီကျင့်ဖျင်၏တင်းကျပ်သောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တရုတ်တွင်သာမက အာရှဒေသတွင်းပါ စီးပွားရေးကျဆင်းမှုကိုဖြစ်ပေါ်စေခဲ့ပြီးတရုတ်သမ္မတ၏အာဏာရှင်စနစ်သည်တိုးတက်မှုအလားအလာမရှိသ လောက်ကျဆင်းစေခဲ့သည်။

ကမ္ဘာ့စီးပွားရေးကိုအားကောင်းစေသည့်တိုးတက်မှုကိုဦးစားမပေးဘဲ တတိယအကြိမ် သမ္မတသက်တမ်းအတွက်သာ ရှီကျင့်ဖျင်ကအာရုံစိုက်နေကြောင်းကို ကွန်မြူနစ်ပါတီ၏ အကြိမ်၂၀မြောက်အမျိုးသားညီလာခံနှင့်တင်းကျပ်သောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကဖော်ပြနေသည်ဟုNikkei Asia ကဖော်ပြခဲ့သည်။

ရှီ၏အာဏာရှင်အစိုးရသည်ကိုဗစ်မူဝါဒများကိုဆက်လက်စွဲကိုင်ထားရုံသာမကကိုယ်ပိုင်ဖူလုံသောစီးပွားရေးစနစ်ကျင့်သုံးရေးကိုလည်းအားသန်နေသည်။

ထို့ပြင် ရှီကျင့်ဖျင်၏လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းမှုအပေါ် အလွန်အမင်းအာရုံစိုက်မှုသည် ပြည်တွင်းဦးစားပေးမူဝါဒနှင့် နိုင်ငံတော်ဦးဆောင်သည့် မူဝါဒများကို ပိုမိုအားပေးစေကာ တရုတ်တိုးတက်မှုကိုကျဆင်းသွားစေခဲ့သည်။

မကြာသေးမီသတင်းပတ်များအတွင်းတရုတ်တွင်နေ့စဉ်ပျမ်းမျှကူးစက်မှုအသစ်၂,ဝဝဝခန့်ဖြင့်ကူးစက်မှု၂ဆကျော်

တိုးလာခဲ့ပြီး ယင်းသည် ကမ္ဘာ့စံနှုန်းအရနည်းနေဆဲဖြစ်သော်လည်း အာဏာပိုင်များက ကပ်ရောဂါနှင့်ပတ်သက်၍တင်းကျပ်စွာထိန်းချုပ်နေဆဲဖြစ်သည်။

အကြိမ်၂၀မြောက်အမျိုးသားညီလာခံအားမည်သည့်နည်းဖြင့်မျှအနှောက်အယှက်မဖြစ်စေရေးလုပ်ဆောင်ရာတွင်CCP ၏ "ကိုဗစ်ကင်းစင်ရေး" မူဝါဒသည်စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဆုံးရှုံးမှုများစွာကိုဖြစ်ပေါ်စေခဲ့သည်။

သန်းနှင့်ချီသောလူများ၏နေထိုင်မှုဘဝများကိုများစွာအခက်ကြုံစေသဖြင့်ပြည်သူများကမကျေမနပ်ဖြစ်နေကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required