တရုတ်က ပိုမိုသြဇာလွှမ်းမိုးလာခြင်းအပေါ် ထိုင်ဝမ်စီးပွားရေး ဒီမိုကရေစီသမဂ္ဂက သတိပေး

By Taipei times
25 October 2022
တရုတ်က ပိုမိုသြဇာလွှမ်းမိုးလာခြင်းအပေါ် ထိုင်ဝမ်စီးပွားရေး ဒီမိုကရေစီသမဂ္ဂက သတိပေး

ထိုင်ဝမ်စီးပွားရေးလောကအတွင်းသို့ တရုတ်အရင်းအနှီးစီးဆင်းမှုမှတစ်ဆင့် တရုတ်သြဇာ လွှမ်းမိုးမှုများ လာခြင်းကို ရပ်တန့်ရေးအတွက် ထိုင်ဝမ်အစိုးရအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ တင်းကျပ်ရန်လိုကြောင်း စီးပွားရေး ဒီမိုကရေစီသမဂ္ဂ (EDU) ကအောက်တိုဘာ၂၀ရက်တွင်တောင်းဆိုလိုက်သည်။

ယခင်တရုတ်အမျိုးသားရေးပါတီ (ကူမင်တန်) အစိုးရအဖွဲ့မှဆင်းသက်လာသည့်စီးပွားရေးဝန်ကြီးဌာန (MOEA) ၏ ၄ ဦးဂိုဏ်းလွှမ်းမိုးမှုက အဓိကပြဿနာဖြစ်ကြောင်း တိုင်ပေမြို့ရှိ ဥပဒေပြုလွှတ်တော်ရှေ့တွင် ဆန္ဒပြရာ၌ EDU မှရှေ့နေများနှင့်တက်ကြွလှုပ်ရှားသူများကပြောကြားခဲ့သည်။

EDU မှ ပွဲစီစဉ်သူ လိုင်ချန်းချန်က ဝန်ကြီးဌာနနှင့်ဌာနခွဲများ၏ ခွင့်ပြုချက်နှင့်ကြီးကြပ်ရေးယန္တရားများတွင် အဓိကအားနည်းချက်၃ခုကို ထောက်ပြခဲ့သည်။

ပထမအနေဖြင့်ပြည်ပရင်းနှီးမြှပ်နှံသူများကိုဝန်ကြီးဌာန၏ရင်းနှီးမြှပ်နှံမှုကော်မရှင်မှပြန်လည်သုံးသပ်ခြင်းမပြုဘဲကုမ္ပဏီကထုတ်ထားသောအစုရှယ်ယာများ၏၁၀ရာခိုင်နှုန်းထက်မကျော်လွန်ပါက ထိုင်ဝမ်စတော့ ကုန်စည်ဒိုင်တွင်နေ့စဉ် ရောင်းဝယ်နိုင်စေရန်ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း လိုင်ကဆိုသည်။

ဒုတိယအချက်မှာ နိုင်ငံခြားကုမ္ပဏီတွင် တရုတ်အစုရှယ်ယာ ၃၀ရာခိုင်နှုန်းထက် မကျော်လွန်ပါက တတိယနိုင်ငံမှတစ်ဆင့်တရုတ်ရင်းနှီးမြှုပ်နှံမှုကိုခွင့်ပြုခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

တတိယအားနည်းချက်မှာတစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာတင်ပို့မှုတွင်တားမြစ်ချက်ကင်းမဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

လိုင်နှင့်EDU သုတေသနပညာရှင်အောင်းစုရှောင်တို့က အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အစိုးရအားဆိုးကျိုးဖြစ်စေသည့်တရုတ်အရင်းအနှီးများဝင်ရောက်ခြင်းနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်သတင်းအချက်အလက်နည်းပညာအပါအဝင်ထိုင်ဝမ်၏စီးပွားရေးကဏ္ဍအများစုကိုထိန်းချုပ်နိုင်စေမည့်အဆိုပါ“ဘုံပိုင်ခေါင်းယိုစိမ့်နေမှု”ကိုပြုပြင်ရန်တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ်စုဆန်းတန်ကမတ်လတွင်ဘုံပိုင်ခေါင်းယိုစိမ့်သည့်ဥပမာကိုဖော်ပြပြီးထိုင်ဝမ်သို့တရုတ်အရင်းအနှီးများစီးဝင်မှုကိုထိန်းချုပ်ရန်နှင့်ကြီးကြပ်မှုကင်းမဲ့မှုအပေါ်မေးခွန်းထုတ်သောအခါတွင်ရေများမလျှံစေရန်ပိုက်ခေါင်းများကို“ပိတ်”မည်ဟုကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly