တရုတ်က နည်းပညာကဏ္ဍကို လွှမ်းမိုးရန် လိမ်လည် လှည့်ဖြား ခိုးခြင်းများ ဆက်လုပ်ဆောင်နေဟု FBI ဒါရိုက်တာပြော

တရုတ်က နည်းပညာကဏ္ဍကို လွှမ်းမိုးရန် လိမ်လည် လှည့်ဖြား ခိုးခြင်းများ ဆက်လုပ်ဆောင်နေဟု FBI ဒါရိုက်တာပြော

အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက တရားဥပဒေစိုးမိုးရေး၊ တရားမျှတ သော စီးပွားရေးလုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာစံနှုန်းများအပေါ် တရုတ်အစိုးရ၏ လျစ်လျူရှုမှုကို ရှုတ်ချ လျက် တရုတ်အစိုးရသည် နည်းပညာကဏ္ဍတစ်ခုလုံးကို မတရားလွှမ်းမိုးချုပ်ကိုင်ကာ လိမ်လည်လှည့်ဖြားပြီး ခိုးယူရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက် ပြိုင်ဘက်အမေရိကန်ကုမ္ပဏီများကို စီးပွားရေးမှ ဖယ်ထုတ်ရန် လုပ်ဆောင်နေကြောင်း ပြောသည်။

ဒါရိုက်တာ ခရစ္စတိုဖာရေးက အောက်တိုဘာ ၂၄ ရက်က အမေရိကန်တရားရေးဌာနက ကျင်းပသည့် တရုတ်အစိုးရနှင့် ဆက်နွှယ်သော တစ်ဦးချင်းစီ၏ ရာဇဝတ်မှုများကို တားဆီးမည့် စီမံချက်များ ကြေညာသော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ခရစ္စတိုဖာရေးက တရားစွဲခံရသူများနှင့် ပတ်သက်၍ " ဒီနေ့ ဆွေးနွေးတဲ့ ၁၃ ယောက်ထဲက ၁၀ ယောက်ဟာ တရုတ် ထောက်လှမ်းရေးအရာရှိနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေပါ။ သူတို့ဟာ အမှတ်မထင်ကြည့်လိုက်ရင် ဆက်စပ်မှုမရှိဘူးလို့ထင်ရတဲ့ အမှု ၃ ခုနဲ့ တရားစွဲခံထားရတာပါ” ဟု ဆိုသည်။

“ဒီအမှု ၃ ခုစလုံးနဲ့ ထောင်နဲ့ချီတဲ့ တခြားကိစ္စတွေမှာ တရုတ်အစိုးရဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေတာ တွေ့ရပါတယ်။ သူတို့ဟာ အမေရိကန်စီးပွားရေးလုံခြုံရေးနဲ့ အမေရိကန်အပါအဝင် အခြေခံလူ့အခွင့်အရေးတွေကို ပျက်ပြားအောင် လုပ်ဆောင်နေပါတယ်။

“အရင်က ကျွန်တော် ထောက်ပြခဲ့သလိုပဲ သူတို့ရဲ့ စီးပွားရေး တိုက်ခိုက်မှုနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ တူညီတဲ့ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းပါ။ အဲဒီနှစ်ခုစလုံးက တရားဥပဒေ စိုးမိုးရေးကို ဆန့်ကျင်ပါတယ်။ တရုတ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုက ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်မှုတွေကို ခိုးယူဖို့ ပိုမိုလွယ်ကူလာစေဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ရန်စမှုတွေကို တုံ့ပြန်တဲ့ ဘယ်သူ့ကိုမဆို နှုတ်ပိတ်ဖို့ ကြိုးစားကြသလိုပဲ သူတို့ရဲ့ ခိုးယူမှုကို ဆန့်ကျင်တဲ့ ကုမ္ပဏီတွေ၊ နိုင်ငံရေးသမားတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း နှုတ်ပိတ်ဖို့ ကြိုးစားကြပါတယ်” ဟု ခရစ္စတိုဖာရေးက ပြောသည်။ ခရစ္စတိုဖာရေးက FBI ဒါရိုက်တာအဖြစ် စတင်ဆောင်ရွက်ချိန်မှစ၍ တရားမျှတသောစီးပွားရေးအလေ့အကျင့်များ၊ နိုင်ငံတကာစံနှုန်းများနှင့် တရားဥပဒေစိုးမိုးရေးတို့အပေါ် တရုတ်အစိုးရ၏ မထီမဲ့မြင်ပြုခြင်းနှင့်ပတ်သက်၍ သတိပေးနှိုးဆော်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required