ဂန့်ဂေါမြို့နယ်တွင် ကြားကာလပညာရေး ကျောင်းဆင်းပွဲ အခမ်းအနားပြုလုပ်

ဂန့်ဂေါမြို့နယ်တွင် ကြားကာလပညာရေး ကျောင်းဆင်းပွဲ အခမ်းအနားပြုလုပ်

အောက်တိုဘာ ၂၇

မဇ္စျိမ ။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန၏ လမ်း ညွှန်မှုဖြင့် ကြားကာလပညာရေး ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သော အခမ်းအနားတွင် ဆရာ၊ ဆရာမကို ဂုဏ်ပြုခြင်း၊ ကျောင်း သား၊ ကျောင်းသူများကို ဆုချီးမြှင့်ပေးခြင်းနှင့် အကအလှများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

“ကျနော်တို့ သတ္တမတန်း(စနစ်ဟောင်း)နဲ့ အဌမတန်း(စနစ်ဟောင်း) နှစ်တန်းကို ပ၊ ဒု၊ တ ဆုပေးခဲ့တာပါ၊ ကျန်တဲ့ စနစ်သစ်အတန်းတွေကိုတော့ ဆုချီးမြှင့်ခြင်း မရှိခဲ့ပါဘူး၊ ဆရာ၊ ဆရာမများကိုတော့ရွာက မိဘ များက ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်” ဟု ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမကို ပြောသည်။

ကြားကာလပညာရေး အကဲဖြတ်စနစ်ဖြစ်သောကြောင့် အအောင်အရှုံး သတ်မှတ်ခြင်းမျိုးမဟုတ်သည့် အတွက် အောင်မြင်ချက်ရာခိုင်နှုန်းသတ်မှတ်ထားခြင်း မရှိကြောင်းဆိုသည်။

နယ်မြေအခြေအနေနှင့် စစ်ရေးအခြေအနေများပေါ်မူတည်ပြီး ကျောင်းကို ၁၀ ရက်မှ နှစ်ပတ်အတွင်း ပိတ် ထားပြီးနောက် စာသင်နှစ်ပြန်လည်စတင်မည်ဖြစ် ကြောင်းသိရသည်။

ပညာရေးဖြင့် စစ်မိစ္ဆာမင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အပြီးတိုင် တိုက်ထုတ်ပစ်မည်ဖြစ်ပြီး နိုင်ငံ တကာအနေနှင့်လည်း ပညာရေးဝန်ဆောင်မှုပေးနေသော NUG ပညာရေးဝန်ကြီးဌာနကို လူသားချင်း စာနာထောက်ထားသောအကူအညီများ အတတ်နိုင်ဆုံး အမြန်ဆုံး ကူညီထောက်ပံ့ပေးကြပါရန် ဂန့်ဂေါ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူမှ ပြောဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း

#ဂန့်ဂေါမြို့နယ်

#ကြာကာလပညာရေး

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly