ဆွီဒင်ဝန်ကြီးချုပ်အသစ်က ထိုင်ဝမ်ကို တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုအပေါ် စိုးရိမ်

By Taipei Times
24 October 2022
ဆွီဒင်ဝန်ကြီးချုပ်အသစ်က ထိုင်ဝမ်ကို တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုအပေါ် စိုးရိမ်

ဆွီဒင်ဝန်ကြီးချုပ်အသစ် ယူးဖ်ခရစ်တာဆန်က ထိုင်ဝမ်ကို တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုအား စိုးရိမ်ကြောင်း အောက်တိုဘာ၁၈ရက်က ဆွီဒင်ပါလီမန်တွင်ပြောကြားသည့် ၎င်း၏ပထမဆုံးမိန့်ခွန်းတွင်ဖော်ပြလိုက်သည်။

ယူးဖ်ခရစ်တာဆန်သည်အောက်တိုဘာ၁၇ရက်ကပါလီမန်မဲခွဲဆုံးဖြတ်မှုတွင်အနိုင်ရရှိပြီးနောက်ဝန်ကြီးချုပ်အဖြစ်ပထမဆုံးတာဝန်ထမ်းဆောင်သည့်နေ့တွင်လွှတ်တော်ကိုယ်စားလှယ်များအားအစိုးရမူဝါဒဆိုင်ရာမိန့်ခွန်းကိုပြော ကြားခဲ့သည်။ 

နိုင်ငံခြားရေးမူဝါဒဆိုင်ရာဆွေးနွေးမှုအပိုင်းတွင်ဆွီဒင်သည်“ခေတ်သစ်ကာလ၏အကြီးမားဆုံးသောနိုင်ငံခြားရေး၊လုံခြုံရေးနှင့်ကာကွယ်ရေးမူဝါဒဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်နေရသည်”ဟုခရစ်တာဆန်ကပြောကြားခဲ့သည်။

 ရုရှား၏ဒီမိုကရက်တစ်ဆန့်ကျင်ရေးလုပ်ရပ်များကိုရှုတ်ချပြီးဥရောပသွေးစည်းညီညွတ်ရေးကိုတောင်းဆိုပြီး နောက် ၎င်းက တရုတ်ခြိမ်းခြောက်မှုကို အတိုချုံးပြောကြားခဲ့သည်။ 

“ထိုင်ဝမ်နဲ့ပတ်သက်ပြီးတရုတ်ရဲ့နောက်ဆုံးပြောကြားချက်ကစိုးရိမ်စရာပါဘဲ”ဟု၎င်းကပြောကြားခဲ့သည်။

“စစ်တပ်နဲ့ခြိမ်းခြောက်မှုကလက်မခံနိုင်စရာပါပဲ။ဒါကနိုင်ငံအားလုံးနဲ့ဆိုင်ပါတယ်အထူးသဖြင့်ကုလသမဂ္ဂလုံခြုံ ရေး ကောင်စီအမြဲတမ်းအဖွဲ့ဝင်တွေနဲ့ပိုသက်ဆိုင်ပါတယ်”
 
ဆွီဒင်-တရုတ်ဆက်ဆံရေးသည် ရှင်းလင်းပြတ်သားသော အတ္တလန်တိတ်ဖြတ်ကျော်ချိတ်ဆက်မှုဖြင့် ဥရောပဘုံမဟာဗျူဟာတွင ်ခိုင်မြဲနေသင့်သည်ဟ ု၎င်းကဆိုသည်။

 “ရန်လိုတဲ့နိုင်ငံတွေကဒီမိုကရေစီနိုင်ငံတွေရဲ့လွတ်လပ်မှု၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုချိုးဖောက်တာဖြစ်လို့ ဆွီဒင်က ဘယ်တုန်းကမှလက်မခံပါဘူး”ဟု ၎င်းကပြောကြားခဲ့သည်။

 ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်မှုအတွက်ဆက်လက်စိုးရိမ်ပူပန်မှုနှင့် "လက်ရှိအခြေအနေ" ကို ပြောင်းလဲရန် တရုတ်၏ ကြိုးပမ်းမှုများကိုရှုတ်ချသည့်အတွက် ခရစ်တာဆန်နှင့် ၎င်း၏အစိုးရအဖွဲ့ကို ကျေးဇူးတင်ရှိကြောင်းထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကအောက်တိုဘာ၁၈ရက်တွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required