တော်ဝင်နွေဦး စီမံကိန်းတွင် ပါဝင်သည့် ဗဟန်းမြို့နယ် မြေကွက်များ ဝယ်ယူသူများပြီး ရောင်းစရာမရှိတော့

တော်ဝင်နွေဦး စီမံကိန်းတွင် ပါဝင်သည့် ဗဟန်းမြို့နယ် မြေကွက်များ ဝယ်ယူသူများပြီး ရောင်းစရာမရှိတော့

အောက်တိုဘာလ ၂၆ ရက်

တော်ဝင်နွေဦး စီမံကိန်းတွင် ပါဝင်သည့်ဗဟန်းမြို့နယ် မြေကွက်များ ဝယ်ယူသူများပြီး ရောင်းစရာမရှိတော့ ကြောင်း The End of Dictatorship က ကြေညာသည်။

"Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ နဲ့ ၆၀ ပေ x ၈၀ ပေ မြေကွက်များ အားလုံး ရောင်းချပေးပြီး ဖြစ်ပါတယ်။တော်ဝင်နွေဦး စီမံကိန်းမှာ တော်လှန်ရေး ကာလအတွင်း USD 28,800 ပေးသွင်းရတဲ့ မြေကွက် ၁၂၀ နဲ့ USD 54,000 ပေးသွင်းရတဲ့ မြေကွက် ၄၀ ပါဝင်ပါတယ်" ဟု The End of Dictatorship က ထုတ်ပြန်သည်။

ရောင်းချရန်ကျန်ရှိနေသည့်နေရာမှာ တောင်ဒဂုံမြို့နယ်ရှိ နွေဦးအောင်လံဟု အမည်ပေးထားသည့် မြေကွက်များနှင့် Spring Mandalay ရှိ မြေကွက်များကို ဝယ်ယူကာ တော်လှန်ရေးကို ထောက်ပို့နိုင် ကြောင်း ထုတ်ပြန်သည်။

"တော်လှန်ရေးကို ပိုမိုခက်ခဲ ကြမ်းတမ်းစွာ ရှေ့ဆက်နေချိန်မှာ အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းပေးတဲ့ ပြည်သူ အပေါင်းကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်" ဟု The End of Dictatorship က ပြောသည်။

တော်ဝင်နွေဦး စီမံကိန်းတွင် ပါဝင်သည့် မြေကွက်များမှာ ဗဟန်းမြို့နယ်၊ မဟာစည် သာ့သနာရိပ်သာလမ်း အတွင်းဘက်ရှိ စစ်တပ်မှ သိမ်းယူထားသော မြေနေရာများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly