"ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကျ" မီးသပိတ် လူထုလုပ်ရှားမှုပြုလုပ်မည်

"ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကျ" မီးသပိတ် လူထုလုပ်ရှားမှုပြုလုပ်မည်

အောက်တိုဘာလ ၂၆ ရက်

ဖားကန့်-အနန့်ပါ မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကိုဖော်ဆောင်မည့် လူထုတိုက်ပွဲလှုပ်ရှားမှုကို တညီတညွတ်တည်း ဖော်ဆောင်ရန် လူထုအားလှုံ့ဆော်ထားသည်။

ဖားကန့်-အနန့်ပါအား လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် မိမိတို့စိတ်ထဲကနေ ဝမ်းနည်း​ကြေကွဲ၊ နာကျည်းနေရုံမျှနဲ့ တင်းတိမ်မနေသင့်ဘဲ ဝမ်းနည်းနာကျည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ကျရန် ထုတ်ပြန်ထားသည်။

အဆိုပါ မီးသပိတ်အား အောက်တိုဘာ၂၈ရက်နေ့ ည ၈နာရီ ၃၀မိနစ်အချိန်တွင် မိမိတို့အိမ်များ၊ လမ်းများ၊ အဆောက်အဦများရှိ လျှပ်စစ်မီးများအပါအဝင် မီးအားလုံးအားပိတ်ထားပြီး မီးသပိတ်ဆင်နွဲရန် တိုက်တွန်းထားသည်။

ယင်းနေ့တွင် မီးသပိတ်အပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ယုံကြည်ရာ ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနှင့်အတူ ရပ်တည်ကြောင်း ရည်ညွှန်းသရုပ်ဖော်လှုပ်ရှားမှုများကိုလည်း တစ်ပါတည်းဖော်ဆောင်ကြရန်လည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသ ကံဆီးကျေးရွာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ (၆၂)နှစ်မြောက် အထိမ်းအမှတ်အကြို ဂီတဖျော်ဖြေပွဲပြုလုပ်စဥ် စစ်ကောင်စီမှလေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly