မန္တလေး မြရည်နန္ဒာအိမ်ရာတွင် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချသေဆုံးမှုဖြစ်ပွား

မန္တလေး မြရည်နန္ဒာအိမ်ရာတွင် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချသေဆုံးမှုဖြစ်ပွား

မန္တလေး(မဇ္စျိမ)။ ။မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာတွင် ယနေ့နံနက်ပိုင်းက အမျိုး သမီးတစ်ဦး တိုက်ပေါ်မှခုန်ချသေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။

“တိုက်ပေါ်ကနေ ခုန်ချသေတယ်လို့ပဲ လတ်တလောသိရတယ်။ အရွယ်ကောင်းလေးရှိသေးတယ်ဗျ” ဟု အိမ်ရာအတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ မြရည်နန္ဒာအိမ်ရာ မမ(၂၆)၊ တိုက်နံပါတ်(၁၄)မှဖြစ်ကြောင်းသိရပြီး၊ အသက် ၂၀ ကျော် ၃၀ ၀န်းကျင်သာရှိသေးကြောင်း မျက်မြင်များကဆိုသည်။

တိုက်ပေါ်မှခုန်ချစဉ် အသက်မသေးသဖြင့် လူနာကိုအချိန်မီဆေးရုံပို့ဆောင်ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများဖြင့် လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းက သတင်းထုတ် ပြန်ထားသည်။

သေဆုံးသူ၏အလောင်းအား မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

Photo မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required