ပါကစ္စတန်၏ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ၌ အကျင့်ပျက်ခြစားမှုများ ရှိနေမှုအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်

By The Print
23 October 2022
ပါကစ္စတန်၏ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ၌ အကျင့်ပျက်ခြစားမှုများ ရှိနေမှုအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်

ပါကစ္စတန်နိုင်ငံတွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး အကူအညီများ ဖြန့်ဝေပေးအပ်ရာတွင် အကျင့်ပျက်ခြစားမှုများ လွန်လွန်ကဲကဲ ရှိနေခြင်းအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်လျက် ရှိသည်။ ပါကစ္စတန်တွင် အဂတိလိုက်စားမှုများနှင့် အလွဲသုံးစားပြုလုပ်သည့် ဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေခဲ့သည်။

ရေဘေး ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများကို လွယ်ကူချောမွေ့စေရန် အစောပိုင်းက ရန်ပုံငွေများ ထုတ်ပေးထားခဲ့သည့် ကုလသမဂ္ဂနှင့် အမေရိကန်တို့သည် ယခုအခါ ပါကစ္စတန်ရှိ အဂတိ လိုက်စား မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိသည်။ ရေဘေးဒဏ်ခံထားရသည့် ပြည်နယ်များရှိ ရေဘေး သင့်ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများက အမှန်တကယ် ရောက်ရှိနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း The European Times မီဒီယာက ဖော်ပြသည်။

“ဒီကိစ္စကတော့ မိမိတို့ အလွန်တရာ အလေးအနက်ထားတဲ့ ကိစ္စဖြစ်တယ်” ဟု အကျင့်ပျက်ခြစားမှု သတင်းများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က အောက်တိုဘာ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ပါကစ္စတန်၏ ပြည်နယ် အတော်များများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အကြီးအကျယ် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရပြီးနောက်တွင် နိုင်ငံအချို့က ပါကစ္စတန်သို့ ကယ်ဆယ်ရေးအကူအညီများ အပူတပြင်း ပို့ဆောင်ပေးခဲ့သည်။

သို့သော် ပါကစ္စတန် ရေကြီးမှုအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုပိုင်းတွင် အကျင့်ပျက်ခြစားမှုဖြစ်စဉ်သတင်းများ ထပ်တလဲလဲ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကဲ့သို့ အဆင့်မြင့်အရာရှိများ၊ ထင်ရှားကျော်ကြားသူများနှင့် သဘာဝဘေး စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်များက စိုးရိမ်ပူပန်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly