ပါကစ္စတန်တွင် အယူစွဲပြင်းထန်သော TLP ပါတီက လူမစုဝေးရ တားမြစ်ချက်ကို အာခံလျက် စီတန်းလှည့်လည်မှု ပြုလုပ်

By The Print
23 October 2022
ပါကစ္စတန်တွင် အယူစွဲပြင်းထန်သော TLP ပါတီက လူမစုဝေးရ တားမြစ်ချက်ကို အာခံလျက် စီတန်းလှည့်လည်မှု ပြုလုပ်

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဟာရီပူရ်ခရိုင်တွင် လူစုဝေးခြင်းများ မပြုလုပ်ရန် အာဏာပိုင်များက တားမြစ်ချက်တစ်ရပ် ထုတ်ထားသော်လည်း အယူစွဲပြင်းထန်သော တီရစ်-အီ-လာဘိတ် ပါကစ္စတန် (TLP) ပါတီ၏ ခေါင်းဆောင် ရစ်ဇ်ဗီသည် တုတ်များ ကိုင်ဆောင်ထားသော ထောက်ခံသူ ထောင်ချီနှင့်အတူ ယင်းဒေသသို့ ဝင်ရောက်လာခဲ့ကြကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ဒေသ၏ ကပ်လျက်တွင် တည်ရှိသည့် အက်ဘော့တာဘတ် ခရိုင် ဟာဗီလီယန်မြို့သို့ ၎င်းတို့က ဦးတည်ချီတက်ခဲ့ကြပြီး အဆိုပါနေရာတွင် ခေါင်းဆောင်ဖြစ်သူက လူထုစည်းဝေးပွဲတစ်ခုကို မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း သတင်းများက ဖော်ပြသည်။

“ဟာရီပူရ်ခရိုင်ရဲ့ မြို့ပြ နယ်နိမိတ်တွေထဲ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ဝင်ရောက်ဖြတ်သန်းဖို့ ကျွန်တော်တို့ ခွင့်ပြုပေးခဲ့ရပါတယ်။ ရစ်ဇ်ဗီရဲ့ နောက်လိုက် ရာချီဟာ တုတ်တွေ ကိုင်ထားတဲ့အတွက် အများပြည်သူ အဆောက် အအုံတွေ ထိခိုက်ဆုံးရှုံးမှာကို စိုးရိမ်လို့ သူတို့ကို အရေးမယူဘဲ ဒီတိုင်း လွှတ်ပေးထားခဲ့ရတယ်” ဟု ရဲတစ်ဦးက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဟာရီပူရ်၏ နယ်နိမိတ်ထဲတွင် စီတန်းလှည့်လည်မှုများနှင့် လူစုဝေးမှုများကို ၁၅ ရက်ကြာ ပိတ်ပင်ချက်တစ်ရပ် အာဏာပိုင်တို့ ထုတ်ပြန်ထားသည်။

သို့သော် TLP အကြီးအကဲ အာလာမာ ဆက်ဒ် ရစ်ဇ်ဗီသည် အဆိုပါ စည်းမျဉ်းအမိန့်များကို ဖီဆန်လျက် တမန်တော် မိုဟာမက် မွေ့နေ့အထိမ်းအမှတ် စီတန်းလှည့်လည်ပွဲတွင် မိန့်ခွန်းပြောရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required