ပါကစ္စတန် ရေကြီးမှုက စားနပ်ရိက္ခာအခက်အခဲ ဖြစ်လာနိုင်

ပါကစ္စတန် ရေကြီးမှုက စားနပ်ရိက္ခာအခက်အခဲ ဖြစ်လာနိုင်

ပါကစ္စတန်နိုင်ငံတွင် လာမည့် ဆောင်းရာသီ စိုက်ပျိုးရာသီအတွင်း ဂျုံ ထွက်ရှိမှုက လျော့ကျဖွယ်ရှိပြီး အမြတ် အစွန်းနည်းပါးနိုင်မှုကြောင့် တောင်သူများအနေဖြင့်လည်း အခြားအစားထိုးသီးနှံများကို မဖြစ်မနေ ပြောင်းလဲ စိုက်ပျိုးရရန် ရှိနေစဉ် အဆိုပါ နိုင်ငံသည် စားနပ်ရိက္ခာ အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ရဖွယ် ရှိနေကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန် အာဏာပိုင်တို့သည် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများ၏ ထိခိုက်သက်ရောက်မှုကို ကိုင်တွယ်နိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရချိန်တွင် နိုင်ငံတွင်း၌ စားနပ်ရိက္ခာ မလုံလောက်မည်ကို စိုးရိမ်ပူပန်နေရကြောင်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ကိုယ်တိုင်ကပင် ထုတ်ဖော်ထားရသည်။

“ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်တွေ ကျရောက်မှုနဲ့ နိုင်ငံတကာ ဈေးကွက်မှာ ဈေးနှုန်းတွေ မြင့်တက်မှုကြောင့် ကမ္ဘာတစ်ဝန်းမှာ အာဟာရဖြစ်တဲ့ အစားအစာတွေ ထပ်မံ ရှားပါးပြတ်လပ်နိုင်တဲ့ အန္တရာယ် တစ်ခု ရှိနေပါတယ်။ အဲဒါတွေဟာ ခုချိန်မှာတောင်မှ ထောက်ပံ့နိုင်စွမ်း လျော့ကျနေခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရာသီ ဥတု ပြောင်းလဲမှုက ကမ္ဘာတစ်ဝန်း ဆင်းရဲမွဲတေမှုနဲ့ ဆာလောင်မွတ်သိပ်မှုတို့ကို မြင့်တက်စေတာမျိုး အပါအဝင် နည်းလမ်းအများအပြားနဲ့ ကျွန်တော်တို့ရဲ့ဘဝတွေကို ထိခိုက်စေလျက်ရှိပါတယ်” ဟု ရှာရစ်ဖ်က အောက်တိုဘာ ၁၆ ရက်က တွစ်တာတွင် ရေးသည်။

ပါကစ္စတန်နိုင်ငံ၏ ဂျုံ စိုက်ပျိုးဧရိယာသည် ၂၀၂၁-၂၂ ကာလအတွင်း ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ဟက်တာပေါင်း ၈၉၇၆၀၀၀ သို့ လျော့ကျသွားကြောင်း Dawn သတင်းစာက ဖော်ပြသည်။ အစောပိုင်းနှစ်က ဧရိယာသည် ဟက်တာပေါင်း ၉၁၆၈၀၀၀ ဖြစ်သည်။

ထုတ်လုပ်မှုမှာလည်း ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၂၆ ဒသမ ၃၉၄ သန်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required