မြောက်ဒဂုံတွင် ယနေ့ညနေပိုင်း၌ မီးလောင်မှု ဖြစ်ပွား

မြောက်ဒဂုံတွင် ယနေ့ညနေပိုင်း၌ မီးလောင်မှု ဖြစ်ပွား

အောက်တိုဘာလ ၂၅ ရက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၄)ရပ်ကွက်၊ ရွှေစင််(၈)လမ်းတွင် ယနေ့ အောက်တိုဘာ ၂၅ ရက် ညနေ ၅နာရီ မိနစ် ၃၀ အချိန်ခန့်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်မှုသည် ဝါယာရှော့စ်ဖြစ်ရာမှ လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဒေသခံများထံမှ ကနဦး သိရှိထားရသော်လည်း မည်သည့်အတွက်ကြောင့်လောင်ကျွမ်းသည်ဆိုခြင်းအပေါ် မဇ္စျိမက ဆက်လက်အတည်ပြု နေဆဲဖြစ်သည်။

အဆိုပါမီးလောင်ပြင်နေရာသို့ မြောက်ဒဂုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ နာရေးကူညီမှုအသင်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ ထွက်ခွာငြှိမ်းသတ်လျက်ရှိသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

မီးလောင်မှုသည် ညနေ ၅နာရီ မိနစ် ၃၀တွင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ၆နာရီ ၁၂မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် မိနစ် ၃၀ကျော် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly