ဗြိတိန်စစ်တပ်မှလေယာဉ်မှူးဟောင်းများအား လူသစ်စုဆောင်းရန် တရုတ်က ကြိုးပမ်းနေခြင်းကို တားဆီးရန်ဗြိတိန်ကြိုးပမ်း

ဗြိတိန်စစ်တပ်မှလေယာဉ်မှူးဟောင်းများအား လူသစ်စုဆောင်းရန် တရုတ်က ကြိုးပမ်းနေခြင်းကို တားဆီးရန်ဗြိတိန်ကြိုးပမ်း

တရုတ်စစ်တပ်အားလေ့ကျင့်ပေးရန်ဗြိတိန်စစ်တပ်မှလေယာဉ်မှူးဟောင်းများကိုလူသစ်စုဆောင်းရန်တရုတ်ကကြိုးပမ်းနေခြင်းကိုရပ်တန့်ရန်ဗြိတိန်အစိုးရကအောက်တိုဘာ၁၈ရက်ကပြောကြားလိုက်သည်။

တရုတ်စစ်သားများကိုစစ်ဘက်လေယာဉ်းမှူးဟောင်း၃၀ဦးကလေ့ကျင့်သင်ကြားခဲ့ကြောင်းBBC သတင်းဌာနကဖော်ပြခဲ့သည်။

" တရုတ်စစ်တပ်မှဝန်ထမ်းများကိုလေ့ကျင့်ပေးရန် ဗြိတိန်စစ်တပ်မှလေယာဉ်မှူးဟောင်းများအား လူစုဆောင်းနေသည့် တရုတ်လူစုဆောင်းရေးအစီအစဉ်များကို ရပ်တန့်ရန်ပြတ်ပြတ်သားသား လုပ်ဆောင် နေပါသည်" ဟုကာကွယ်ရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းကဲ့သို့လူသစ်စုဆောင်းမှုကိုကာကွယ်ရေးဝန်ကြီးဌာနအတွင်းနှစ်ပေါင်းအတော်ကြာစိုးရိမ်စရာဖြစ်ခဲ့ပြီးဗြိတိန်တန်ပြန်ထောက်လှမ်းရေးကယင်းကိစ္စအားအနီးကပ်စောင့်ကြည့်နေခဲ့ကြောင်းလက်နက်ကိုင်တပ်ဖွဲ့များဝန်ကြီးဂျိမ်းဟိပေးကSky News သို့ပြောကြားခဲ့သည်။

"ကမ္ဘာတစ်ဝန်းကနေရာတော်တော်များများမှာတရုတ်ကဗြိတိန်ရဲ့အကျိုးစီပွားတွေကိုခြိမ်းခြောက်နေတဲ့ ပြိုင်ဖက်ဖြစ်သလိုအရေးကြီးတဲ့ကုန်သွယ်ဖက်လဲဖြစ်ပါတယ်" ဟု၎င်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့လျှို့ဝှက်ချက်တွေကိုရယူနိုင်ဖို့ကြိုးပမ်းတာကိုသူတို့ကပြောင်းပြောင်းတင်းတင်းလုပ်နေသလို ကျွန်တော်တို့ရဲ့ လေတပ်စွမ်းဆောင်ရည်တွေကို နားလည်ဖို့ လေယာဉ်မှူးတွေကို စုဆောင်းတာက ကျွန်တော်တို့အတွက်အလွန်စိုးရိမ်စရာတစ်ခုပါပဲ”

သင်တန်းပေးရာတွင် ပါဝင်သူများကို ချဉ်းကပ်ခဲ့ခြင်းအား ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။ အစိုးရက လူများကိုသတိပေးပြီး နောက်ယင်းအချက်ကိုဆက်လက်လုပ်ဆောင်ပါကရာဇဝတ်မှုမြောက်သည့် ဥပဒေတစ်ရပ်ကိုလည်း ပြဋ္ဌာန်းထားကြောင်း ဂျိမ်းဟိပေးက ပြောကြားခဲ့သည်။

အဆိုပါဌာနသည် "လျှို့ဝှက်ရေးစာချုပ်များနှင့် ထုတ်ဖော်မပြောကြားရေး သဘောတူညီချက်များကိုပြန်လည် သုံးသပ်နေသည်" ဟုပြောကြားခဲ့ပြီး ဗြိတိန်စစ်မှုထမ်းများအားလုံးသည် လျှို့ဝှက်ဥပဒေများနှင့် သက်ဆိုင်ကြောင်း အလေးပေးဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required