ထိုင်ဝမ်နှင့်ပေါင်းစည်းရေး မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် တရုတ်သမ္မတ စိတ်အားထက်သန်နေ

ထိုင်ဝမ်နှင့်ပေါင်းစည်းရေး မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် တရုတ်သမ္မတ စိတ်အားထက်သန်နေ

ထိုင်ဝမ်နှင့်ပေါင်းစည်းရေးသည်တရုတ်သမ္မတရှီကျင့်ဖျင်အတွက်နံပါတ်တစ်ဦးစားပေးဖြစ်ပြီး ယင်းရည်ရွယ်ချက် ကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်နေကြောင်း သုံးသပ်သူများကို ကိုးကား၍ မီဒီယာများက ဖော်ပြလိုက်သည်။

ရှီအတွက်ယင်းကိစ္စသည်စကားလုံးသက်သက်မဟုတ်ဘဲထိုင်ဝမ်ကိုတရုတ်နှင့်ပေါင်းစည်းရန်စနစ်ကျသောလုပ်ငန်းစီမံကိန်းကိုရေးဆွဲနေသည်ဟု လေ့လာသူများက မှတ်ချက်ပြုကြသည်။

“ဒါကို ကြွေးကြော်နေယုံသက်သက် မမှတ်ယူထားပါဘူး။ဒါ ကအကောင်အထည်ဖော်ရမယ့် စီမံချက် တစ်ခုပါ”ဟုထိုင်ဝမ်အစိုရအကြံပေးပုဂ္ဂိုလ်ချန်ဝူယူကပြောကြားခဲ့သည်ဟု ကြောင်း ဆောင်းပါးရှင် အစ်ဟန်တာရာရေးသားသည့်ဆောင်းပါးကို ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

“အရင်ခေါင်းဆောင်တွေကရေရှည်မှာအောင်မြင်မဲ့ပြန်လည်ပေါင်းစည်းရေးအကြောင်းပြောကြပါတယ်။အခု တော့ ဒီအစီအစဉ်က နံပါတ်တစ်ဖြစ်လာနေတယ်”ဟု၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင်ဆောင်းပါးတွင် တရုတ်ကွန်မြူနစ်ပါတီမှအငြိမ်းစားယူသည့် အသက်အရွယ်ကိစ္စကိုဖော်ပြထားပြီး ယင်းကိစ္စသည် တရုတ်သမ္မတရှီကျင့်ဖျင်အပေါ်သစ္စာခံသူဟုတ်မဟုတ်ဆိုသည့်အချက်ပေါ်မူတည်ကြောင်းပြောကြားခဲ့သည်။

ကွန်မြူနစ်ပါတီဌာန အများအပြားတွင် ရှီကသစ္စာရှိ လက်ထောက်များကို သြဇာလွှမ်းမိုးသည့် ရာထူးများတွင် နေရာချထားခဲ့သည်။

“ကွန်မြူနစ်ပါတီ၏ ပြည်နယ်အဆင့် အမြဲတမ်းကော်မတီဝင်၂၈၁ဦးတွင် ၇ဦးမှလွဲ၍ ကျန်လူအားလုံးသည် ရှီကျင့်ဖျင်ကခန့်အပ်ထားသူများဖြစ်ကြောင်းWall Street ဂျာနယ်ကိုကိုးကား၍ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

ရှီ၏ ရန်လိုသောအမျိုးသားရေးဝါဒနှင့် ကမ္ဘာ့စင်မြင့်ပေါ်တွင် တရုတ်၏ အနိုင်ကျင့်မှုများကြောင့် တရုတ်ပုံရိပ်မှာ ကမ္ဘာတွင်ကျဆင်းလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly