KIO အနေဖြင့် နိုင်ငံရေးအရွေ့သစ်ကို မကြာမီတွင် ဖော်ဆောင်သွားမည်ဟု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြား

KIO အနေဖြင့် နိုင်ငံရေးအရွေ့သစ်ကို မကြာမီတွင် ဖော်ဆောင်သွားမည်ဟု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြား

မဇ္ဈိမ။ ။ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီသည် နိုင်ငံရေးအရွေ့သစ် တစ်ခုကို မကြာမီ ဖော်ဆောင်သွားတော့မည် ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် KIO တည် ထောင်ခြင်း (၆၂)နှစ်မြောက်နေ့ မိန့်ခွန်းတွင် ကေအိုင်အို ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ထည့်သွင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကေအိုင်အိုဗဟိုက ဖော်ဆောင်မည့် နိုင်ငံရေးအသစ် အရွေ့တွင် ကေအိုင်အို ကော်မတီ ပါတီဝင်များ၊ ကေအိုင်အို ဝန်ထမ်းများအားလုံးနှင့် ပြည်သူလူထုအားလုံးက အားသွန်ခွန်စိုက် ပါဝင်သွားကြရန် ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားသည်။

ပင်လုံစာချုပ်သည် ၁၉၄၇ ဖွဲ့စည်းပုံဥပဒေ၏ လွမ်းမိုးချေဖျက်ခြင်းကိုခံရသည့်အတွက် တိုင်း ရင်းသားလူမျိုးများက လက်နက်စွဲကိုင် တော်လှန်လာရခြင်းဖြစ်သည်။ စစ်တပ်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထာဝရချုပ်ကိုင်ကာ ဦးဆောင်လာခဲ့သည့် စစ်အာ ဏာရှင်စနစ် ကြောင့် ပြည်တွင်းစစ်ကို ပိုမိုကြာရှည် တောက်လောင်စေခဲ့ခြင်းသာ ဖြစ်သည်။

ယင်းအပြင် ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်အာဏာရှင် အဆက်ဆက်ကသာ တနိုင်ငံလုံးကို အဖက်ဖက်မှာ ဆင်းရဲကြပ်တည်း ခက်ခဲသွား စေခဲ့တာဖြစ်တယ် ဟုဆိုထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာပြန်သိမ်းမှုကြောင့် တနိုင်ငံလုံးကပြန်လည် လုံးဝရှုပ်ထွေးကြပ်တည်းသွားသည့် နိုင်ငံရေးအခင်း အကျင်းကို ဆိုက်ရောက်သွားစေခဲ့ပြီး ပြည်သူလူထုအနေဖြင့်လည်း အဖက်ဖက်တွင် ဆင်းရဲဒုက္ခ များနှင့် ကြုံတွေ့လာရပြန်သည်။

ထို့ကြောင့် ပြည်သူလူထုအတွက် အာဏာရှင် စနစ်ဆိုးကြီးကို ချေမှုန်းတိုက်ဖျက် အမြစ်နှုတ် ပစ်ရမည်ဆိုသည့် အဖြေတစ်ခုထွက်ရှိလာခဲ့ခြင်း သာဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ကြသောကြောင့် ကေအိုင်အိုဗဟိုအနေဖြင့် ဖြစ်နိုင်သည့် ကဏ္ဍမှနေ၍ နည်းလမ်းပေါင်းစုံကို ပါဝင် တာဝန်ယူ ဦးဆောင်ရပါမည်။သို့မှသာလျင် မိမိတို့လိုလားသည့် အခွင့်အရေးများစွာကို အကောင်အထည် ဖော်ဆောင်သွားနိုင်မည့် အခင်းအကျင်းအသစ်များ ဖြစ်တည်လာပါလိမ့်မည်ဟုဗိုလ်ချုပ်ကြး၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

ယခင်ကတည်းက ကေအိုင်အိုခေါင်းဆောင် အဆက်ဆက်နှင့် ဝန်ထမ်းပေါင်းများစွာ လုပ်ဆောင်လာခဲ့ကြသည့် တော်လှန်ရေးလုပ်ငန်းများနှင့် ယနေ့မျက်မှောက်ကျ ရောက်နေသော အခြေအနေများကိုလည်း နက်နက်နဲနဲ ဆန်းစစ်သုံးသပ်ပြီး ပိုမိုကောင်း မွန်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်းကိုလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ထည့်သွင်းပြောကြားခဲ့သည်။

ကေအိုင်အိုသည် မည်သို့သော စစ်ရေးနှင့် နိုင်ငံရေး မုန်တိုင်းကြီးများကိုမဆို အခက်အခဲမျိုးစုံကြားကနေ၍ ဖြတ်ကျော်နိုင်လာနိုင်ခဲ့သလို ပြောင်းလဲဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရေးရာများနှင့် ကြုံတွေ့ရင်ဆိုင်လာရသည့်အခါတွင်လည်း ကေအိုင်အို ခေါင်းဆောင်ပိုင်း အဆက်ဆက်က မိမိတို့ ကေအိုင်အို၏ မူလနိုင်ငံရေးလမ်းစဉ်နှင့် သွေဖယ်သွားခြင်းမရှိဘဲ ခိုင်ခိုင်မာမာ ရပ်တည်ကာ ဦးဆောင်လာခဲ့သည်။ ထို့ကြောင့် ကေအိုင်အိုသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းကြီးအဖြစ် တည်ရှိလာနေခြင်းဖြစ်သည်ဟု ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

(မှတ်ချက်။ ။ကချင်ဘာသာဖြင့်သာ ပြောဆိုထုတ်ပြန်လိုက်ခဲ့သည့် ကေအိုင်အိုထူထောင်ခြင်း (၆၂) နှစ်မြောက် မိန့်ခွန်းကို မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် လွဲမှားမှုတစုံတရာပါရှိပါက အယ်ဒီတာအဖွဲ့နှင့် သတင်းအဖွဲ့၏ အားနည်းမှုသာဖြစ်ကြောင်း တင်ပြအပ်ပါသည်။)

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required