တရုတ်က ရှင်ကျန်းဒေသအပေါ် ရက်စက်ယုတ်မာမှုများကို ဖုံးကွယ်ရန် နည်းဗျူဟာအသစ်ကို အသုံးပြု

တရုတ်က ရှင်ကျန်းဒေသအပေါ် ရက်စက်ယုတ်မာမှုများကို ဖုံးကွယ်ရန် နည်းဗျူဟာအသစ်ကို အသုံးပြု

လူ့အခွင့်အရေးချိုးဖောက်မှုဝေဖန်ချက်များကို တန်ပြန်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ရှင်းကျန်းနယ်စပ်ဒေသများမှ တရုတ်အခြေပြု တိုင်းရင်းသား-လူနည်းစုမှ ထင်ရှားကျော်ကြားသော အမျိုး သမီးများသည် ၎င်းနယ်ခြားဒေသများအကြောင်း တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ မမှန်ကန်သော အချက်အလက်များကို ဖြန့်ရန် ခေတ်မီဆန်းသစ်သော အကြောင်းအရာကို အသုံးပြုကြသည်ဟု ဩစတြေးလျမဟာဗျူဟာမူဝါဒ အင်စတိကျု အကြံပေးအဖွဲ့က ပြောသည်။

ရှင်းကျန်း၊ တိဗက်နှင့် အတွင်းမွန်ဂိုလီးယား ဒေသများမှ ထင်ရှားကျော်ကြားသူများ၏ YouTube အကောင့်များကို စုံစမ်းစစ်ဆေးရာမှ ထိုအဖြစ်ကို ထုတ်ဖော်နိုင်ခဲ့ကြောင်းအကြံပေးအဖွဲ့က ပြောသည်။

ထိုနယ်ပယ်သစ်မှ ထင်ရှားကျော်ကြားသူများ သို့မဟုတ် ၎င်းတို့အကောင့်များသည် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကို ချေပပြောဆိုကာ တရုတ်နိုင်ငံ၏ ပါတီဝါဒဖြန့်မှုနှင့် မဟုတ်မမှန် သတင်းများကို အလေးထား ပြောဆိုကြသည်။ အဆိုပါဗီဒီယိုအားလုံးသည် တရုတ်ပြည်တွင်းမှ ဗီဒီယိုမျှဝေသောပလက်ဖောင်းများတွင် အရင် တင်ကြပြီး ပြည်တွင်းဝါဒဖြန့်မှုကို ဦးစွာလုပ်ဆောင်သည်။

ထို့နောက် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးပြဿနာအပေါ် ဝေဖန်မှုများကို တန်ပြန်ရန်နှင့် နိုင်ငံ၏ ပုံရိပ် တိုးတက်စေရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် နယ်စပ်ဒေသမှ ထင်ရှားကျော်ကြားသူများ၏ တင်ဆက်မှု များကို YouTube ပေါ်ရှိ ကမ္ဘာတစ်ဝန်းမှ ပရိသတ်များထံ ထပ်မံဖြန့်ဝေသည်။

နိုင်ငံတကာတွင် တရုတ်ပုံရိပ် လွှမ်းမိုးရေးအတွက် ထို YouTube အကောင့်များကို အသုံးပြုခြင်းသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြီးမြောက်စေသောဆင့်ကဲတိုးတက်ပြီး ခေတ်မီဆန်းပြားသည့် နည်းဗျူဟာများဖြစ်ကြောင်း ပြသနေသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က မိန့်ခွန်းများကို ဆင်ဆာဖြတ်ကာ သတင်းမှားများကို မြှင့်တင်ပြီး ၎င်းတို့ နှစ်သက်သော လုပ်ဇာတ်များကို အင်တာနက်တွင် တင်နေစဉ်မှာပင်၎င်းနည်းဗျူဟာများကိုလည်း လုပ်ဆောင်နေသည်။

တရုတ်နိုင်ငံတွင် YouTube ကို ပိတ်ဆို့ထားသော်လည်း ကွန်မြူနစ်ပါတီသည် ပြင်ပကမ္ဘာနှင့် ယှဉ်ပြိုင်ရန် ၎င်းနည်းလမ်းကို အသုံးပြုနေဆဲဖြစ်သည်။ ဝါဒဖြန့်ချိရေး ကြိုးပမ်းမှုများတွင် YouTube ကို အသုံးပြုမှုလာသည် မကြာသေးမီနှစ်များအတွင်း မိုမိုများပြားလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required