စစ်အခြေစိုက်စခန်းများအနီး တရုတ်က မြေများဝယ်ယူမှုအပေါ် အမေရိကန်နှင့်ဂျပန် စိုးရိမ်

စစ်အခြေစိုက်စခန်းများအနီး တရုတ်က မြေများဝယ်ယူမှုအပေါ် အမေရိကန်နှင့်ဂျပန် စိုးရိမ်

တရုတ်ကုမ္ပဏီက ကာကွယ်ရေး အခြေစိုက်စခန်းများအနီးတွင် မြေယာဝယ်ယူနေမှုအပေါ် အမေရိကန်နှင့် ဂျပန်တို့တို့က စိုးရိမ်လျက်ရှိသည်။

တရုတ်ကုမ္ပဏီတစ်ခုသည် ဂျပန်လေတပ်၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ရေဒါစခန်းအနီး ဟော့ကိုင်းဒိုးတွင် မြေတစ်ကွက်ကို ဝယ်ယူခဲ့သလိုFufeng Group ကုမ္ပဏီသည် အမေရိကန် မြောက်ဒါကိုတာပြည်နယ်Grand Forks မြို့အနီးရှိ လယ်မြေဧက ၃၀၀ ကို ဝယ်ယူခဲ့သည်။

ထိုသတင်းများထွက်ပေါ်လာပြီးနောက် ဇန်နဝါရီလတွင် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒရေးရာ အကြီးအကဲ ဆာနာအဲတာကာအိချိက ဂျပန်လေတပ်၏ ရေဒါစခန်းမှ ၃၅ ကီလိုမီတာခန့်ဝေးသော ဟော့ကိုင်းဒိုးတွင် တရုတ်ကုမ္ပဏီတစ်ခုက မြေတစ်ကွက်ကို ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့ပြီး ထိုကိစ္စသည် အမျိုးသားလုံခြုံရေးပြဿနာ ဟုတ် မဟုတ် မေးခွန်းထုတ်ခဲ့ကြောင်းNikkei Asia က ဖော်ပြသည်။

ဟောင်ကောင်၊ မကာအို၊ သြစတြေးလျ၊ စင်ကာပူနှင့် အမေရိကန်တို့မှ ဝယ်သူများသည် ၂၀၂၁ ခုနှစ်၌ ဟော့ကိုင်းဒိုးတွင် မြေကွက်ဝယ်ယူမှု ၁၉ ကြိမ်ရှိခဲ့သည်။

"တရုတ်သည် ဟော့ကိုင်းဒိုးကို မြောက်ပစိဖိတ်ကျွန်းတန်း၏ ရတနာတစ်ပါးအဖြစ် နှစ်ပေါင်းများစွာ အသိအမှတ်ပြုခဲ့ကာ ထိုဒေသတွင် စီးပွားရေးသြဇာလွှမ်းမိုးမှုကို ဆယ်စုနှစ်များစွာ အားကောင်းစေခဲ့ပြီး ယနေ့အချိန်တွင် ရုရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နေသည်" ဟု Nikkei Asia တွင် ဖော်ပြထားသည်။

ပြိုင်ဘက်များ၏ စစ်တပ်များအကြောင်း အချက်အလက်စုဆောင်းရန် ပြည်ပစစ်တပ်များက ကြိုးပမ်းခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။ “အရေးပေါ်အခြေအနေတွေမှာအထူးသဖြင့် နျူကလီးယားစက်ရုံတွေနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်က အဖျက်အမှောင့်အဖြစ် ပြောင်းသွားတာမျိုး ဖြစ်နိုင်ခြေတွေရှိပါတယ်။ ကြိုတင်ကာကွယ်မှုအစီအစဉ်တွေအကုန်လုံး ထည့်သွင်းစဉ်းစားသင့်ပါတယ်" ဟု ကျွမ်းကျင်သူက သတိပေးထားသည်။

အစောပိုင်းက အမေရိကန်တွင် တရုတ်အခြေစိုက်ကုမ္ပဏီFufeng Group သည် ကနေဒါနယ်စပ်မှ မိနစ် ၉၀ ခန့် ကားမောင်းရသည့် ကျေးလက်ဒေသဖြစ်သော မြောက်ဒါကိုတာပြည်နယ် Grand Forksမြို့အနီးရှိ ကျေးလက် ဒေသမှ လယ်မြေဧက ၃၀၀ ကို ဝယ်ယူခဲ့ကြောင်း New York Post က ဖော်ပြခဲ့သည်။

တရုတ်သည် အမေရိကန်တွင် ဧကပေါင်း ၃၅၂ ၁၄၀ သို့မဟုတ် နိုင်ငံခြားသားပိုင်မြေ၏ ၁ ရာခိုင်နှုန်းအောက် ပိုင်ဆိုင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required