KIO နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ (အကြို) ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် KIA ဘာပြောလဲ (ဆက်သွယ်မေးမြန်းချက်)

KIO နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ (အကြို) ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် KIA ဘာပြောလဲ (ဆက်သွယ်မေးမြန်းချက်)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် (၆၂) နှစ်မြောက်၊ KIO နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ အကြိုပြုလုပ်နေစဉ် စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၂၃ ရက် ညပိုင်းတွင် လူအများအပြားသေဆုံးခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် ကချင်တိုင်းရင်းသား နာမည်ကြီးအနုပညာရှင်များ၊ KIA တပ်သားများ၊ ပွဲတွင်ကူညီပေးကြသူများ၊ လာရောက်အားပေးခဲ့ကြသူများအပါအဝင် စုစုပေါင်း ၆၀ နီးပါး သေဆုံးနိုင်သည်ဟု KIA သတင်းရင်းမြစ်များထံမှသိရသည်။

သို့သော် သေဆုံးသည့်အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း KIA/KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့်ကျဆုံးခဲ့ရသူများအတွက် ဝမ်းနည်း ပူဆွေးမှုအနေဖြင့် ကချင်နိုင်ငံတော်အလံကို တစ်ဝက်ထိ လျော့ချထားကြောင်းသိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ KIA/KIO ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required