ကမာကြည်တံတားပေါ်မှ အမျိုးသမီး ၁ ဦးခုန်ချ၊ ရေစီးသန်မှုနှင့် မိုးရွာသွန်းမှုများကြားမှ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေ

ကမာကြည်တံတားပေါ်မှ အမျိုးသမီး ၁ ဦးခုန်ချ၊ ရေစီးသန်မှုနှင့် မိုးရွာသွန်းမှုများကြားမှ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေ

မဇ္စျိမ။ ။ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကမာကြည်တံတား အမှတ်(၂)ပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချပြီးအဆုံးစီရင်သွားခဲ့ကြောင်း ကူညီကယ် ဆယ်မှုများလုပ်ဆောင်နေသည့် သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက်အခြေပြု ပရဟိတအသင်းထံမှ သိရ သည်။

တံတားပေါ်မှခုန်ချပြီး အဆုံးစီရင်သွားသူသည် အရှေ့ဒဂုံမြို့နယ်၊ လေးထောင့်ကန် သုံးခွရပ်ကွက်တွင် နေထိုင်သည့် ပစ္စည်းပို့ဆောင်သည့် လုပ်ငန်း ၏လုပ်ကိုင်နေသူ အမျိုးသမီးဖြစ်ပြီး အသက် ၂၀ ဝန်းကျင် အရွယ်သာရှိသေးကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ မနက် ၈ နာရီခွဲမှာ အသက် ၂၀ ဝန်းကျင် အမျိုးသမီးက ခုန်ချသွားတာ။ သတင်းရလို့ သွား တဲ့အချိန်မှာ ရေစီးကလည်း သန်နေတယ်။ ဖြစ်စဉ်နေရာမှာလည်း အလောင်းက မရှိဘူး။ ရေစီးနဲ့ မျောတဲ့ အနေအထားဖြစ်တယ်။ အခုလက်ရှိ လှေတစီးနဲ့ ပွဲပေးပြီး လိုက်ရှာနေတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက်အခြေပြု ပရဟိတအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ဦးကမဇ္စျိမကို ပြော သည်။

အသက် ၂၀အရွယ် အမျိုးသမီးငယ်သည် ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက် ၈ နာရီ ၃၀ ဝန်းကျင် အချိန်တွင် အမှတ်(၂) တံတား ကမာကြည်ပေါ်မှ ခုန်ချပြီးအဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးငယ် ခုန်ချသွားသည့်နေရာတံတားပေါ်ရှိ ပလက်ဖောင်းတွင် အမျိုးသမီးကိုင် ပိုက်ဆံ အိတ် အမဲရောင်တစ်လုံး၊ တယ်လီဖုန်းနှင့် ပစ္စည်းအချို့ကို ထားရှိသွားခဲ့ကြောင်း သိရသည်။

“ခုန်ချသွားတဲ့အမျိုးသမီးငယ်က ဒဂုံအရှေ့မြို့နယ် လေးထောင့်ကန် သုံးခွမှာနေထိုင်တာပါ။ ကောင်မ လေးက Delivery ဝန်ထမ်းလုပ်တာလို့ သိရတယ်။ မိသားစုတွေလည်း ရောက်နေတယ်။ ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက်အခြေပြုပရဟိတအသင်း တာဝန်ရှိသူကဆို သည်။

မဇ္စျိမမှ ဆက်သွယ်မေးမြန်းထားသည့် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်အထိ တံတားပေါ်မှ ခုန်ချသွားသည့် အမျိုးသမီးငယ်ကို ရေစီးသန်မှုနှင့် မိုးရွာသွန်းမှုများ ရှိနေသည့် ကြားမှ ဆက်လက်ရှာဖွေနေဆဲ ဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်ကို ဆက်သွယ်ထား သည့် ကမာကြည်တံတားပေါ်ကမှ အမျိုးသားတစ်ဦးခုန်ချအဆုံးစီရင်မှုဖြစ်ပွားခဲ့သလို အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း သာကေတမြို့နယ်အတွင်းရှိ တိုက်တစ်ခုတွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်မှုများ ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ - သဃ်န်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အခြေပြု ပရဟိတအသင်း၊ လူမှုကွန်ယက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required