တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများက အာဖရိကတွင် ဂေဟစနစ်အတွက် စိုးရိမ်စရာများကို ဖြစ်လာ

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများက အာဖရိကတွင် ဂေဟစနစ်အတွက် စိုးရိမ်စရာများကို ဖြစ်လာ

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အပါအဝင် တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် အာဖရိကရှိ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် အန္တရာယ်ရှိစေသလို တရုတ်အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများသည် တိုက်ကြီး၏ နေရာအနှံ့အပြားရှိ အထိခိုက်မခံသော ဒေသများ၏ ဂေဟစနစ် ဟန်ချက်ညီမှုကို အဟန့်အတားဖြစ်စေလျက်ရှိကြောင်း ဆောင်းပါးရှင် ဒီဗယ်လာရီယိုဖက်ဘရီက Geopolitica.info တွင်ရေးသားထားသည်။

အာဖရိကတိုက်ကို သိမ်းပိုက်ရန် တရုတ်၏ ကြိုးပမ်းမှု ကြီးထွားလာသည်နှင့်အမျှ အာဖရိကတိုက်ရှိ မဖွံ့ဖြိုးသေးသောနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးအကူအညီသည် တရုတ်က မရပ်မနားအသုံးပြုသည့် ဗျူဟာတစ်ခုဖြစ်လာသည်။

မိုဇမ်ဘစ်နိုင်ငံရှိ တရုတ် နိုင်ငံပိုင်ကုမ္ပဏီများသည် ဒေသထွက်သစ်များကို ဝယ်ယူခြင်းဖြင့် အကျိုးအမြတ်များ ပြန်ရမည်ဟု ကတိပြုထားသော်လည်း တရုတ်ကုမ္ပဏီများသည် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်းကို ရှောင်ရှားခဲ့ကြသည်ဟု Geopolitica.Infoကဖော်ပြသည်။

မဖွံ့ဖြိုးသေးသောနိုင်ငံများတွင် တရုတ်ဦးဆောင်သည့် စီမံကိန်းအများအပြားသည် ရေနံ၊ ကျောက်မီးသွေး၊ သတ္တုများနှင့် သစ်များရယူလိုသောဆန္ဒဖြင့် ဂေဟစနစ်များကို ဖျက်ဆီးရန် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများကို အသုံးပြုနေသည်ဟု စွပ်စွဲခံရကာ အာဖရိကရှိ ဒေသခံအသိုင်းအဝိုင်းများ၏ အကြီးအကျယ်ရှုတ်ချမှုကို ခံနေကြရသည်။

ဂါနာနိုင်ငံတွင်လည်း ဘောက်ဆိုက်သတ္တုထုတ်ယူမှုသည် အမြတ်ထုတ်ယူမှုဖြစ်ကာ ပတ်ဝန်းကျင်နှင့် ဒေသခံများ၏အသက်မွေးကြောင်းကို ခြိမ်းခြောက်နေသောကြောင့် အစိုးရသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီခွဲ Sinohydro Corpနှင့် သဘောတူစာချုပ်ကို ဖျက်သိမ်းခဲ့သည်။

ကင်ညာတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် လုပ်ဆောင်မည့် ဒေါ်လာ ၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအား အန္တရာယ်ဖြစ်စေသည်ဟု ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ကန့်ကွက်ခဲ့ပြီးနောက် အစိုးရက စီမံကိန်းကို ရပ်တန့်ခဲ့သည်ဟု Geopolitica.Infoက ဖော်ပြခဲ့သည်။

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကြီးများသည် မဖွံ့ဖြိုးသေးသော အာဖရိကတိုက်ကြီးအား ဖွံ့ဖြိုးတိုးတက်စေလိုသည့် ရည်ရွယ်ချက်မဟုတ်ဘဲ ကွန်မြူနစ်နိုင်ငံ၏ မဟာဗျူဟာသည် တရစ်ရစ် တိုးလာနေသော တရုတ်ကြွေးမြီများဖြင့် အိမ်ရှင်နိုင်ငံကို စီးပွားရေးအရ မတည်မငြိမ်ဖြစ်စေခြင်း ဖြစ်ကာ နောက်ဆုံးတွင် အိမ်ရှင်နိုင်ငံများသည် အခြေခံ အဆောက်အအုံစီမံကိန်းများ အပြီးသတ်ရန် တရုတ်ကို အားကိုးအားထားပြုလာကြသည်။

တရုတ်သည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့်ပတ်သက်၍ ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ဖြန့်ကြက်ရန် နှစ်ပေါင်းများစွာအတွင်း နိုင်ငံများကို သိမ်းသွင်းရာတွင် အောင်မြင်ကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီ မှ သုတေသီနှင့်အစိုးရကြွေးမြီ ကျွမ်းကျင်ပညာရှင် ဒီဗယ်လာရီယိုဖက်ဘရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required