KNU တပ်မဟာ(၅)နယ်မြေတွင် ဒေသခံများထွက်ပြေးသည်ဟုဆိုကာ ပုံဟောင်းများ ပျံ့နှံ့နေ

KNU တပ်မဟာ(၅)နယ်မြေတွင် ဒေသခံများထွက်ပြေးသည်ဟုဆိုကာ ပုံဟောင်းများ ပျံ့နှံ့နေ

အောက်တိုဘာလ ၂၂ ရက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေတွင် BGF များနှင့် စစ်ကောင်စီတပ် များမှမီးရှို့သောကြောင့် ထွက်ပြေးနေရသည့်သတင်းနှင့်အတူ အိမ်မီးလောင်သည့်ပုံများနှင့် ဒေသခံများ ထွက်ပြေးနေသည့်ပုံများ ပျံ့နှံ့လျက်ရှိသည်။ ထိုဒေသခံများထွက်ပြေးနေသည့်ပုံမှာ ရခိုင်ပြည်နယ်‌ မောင် တောမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံများ၏ ပုံများ ဖြစ်နေသည်။

"Karea Yaa" အမည်ရှိ ဖေ့ဘုတ်စ်အကောင့်တစ်ခုမှ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အိမ်များမီးလောင် နေသည့်ပုံ၊ လူအများတိမ်းရှောင်နေသည့်ပုံများကို စတင်ဖြန့်ဝေခဲ့သည်။ စာညွှန်းတွင်မူ စပိန်ဘာသာဖြင့် ရေးသားထားပြီး KNU/KNLA တပ်မဟာ(၅)ဟု ညွှန်းဆိုထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ကိုးထောင် ကျော်ရှိနေပြီ ဖြစ်သည်။

အလားတူ ထိုပုံများကို ပြန်လည်အသုံးပြု၍ “ အောက်တိုဘာ ၂၁.၂၀၂၂ ဖာပွန်ခရိုင် တပ်မဟာ ၅ တနေရာ ရှိ ရွာတွေကို BGF နဲ့ စခတွေ ပစ်ခတ်မီးရှို့ဖျက်စီး KNUက NCA ကိုးကွယ်တဲ့အရှူး မမြင်သေးတာလား” (မူရင်း သတ်ပုံအတိုင်း) ဟု ရေးသားကြ ပြန်လည်ဖြန့်ဝေမှု အများအပြားရှိနေသည်။

ထို့ပိုစ့်တွင်ပါဝင်သည့်ပုံများကို ပုံများ၏ရာဇဝင်ကိုစစ်ဆေးသည့် Reverse Image Search ဖြင့် စစ်ဆေးခဲ့ ရာ အမျိုးသမီးအချို့ထွက်ပြေးတိမ်းရှောင်နေသည့်ပုံသည် သြဂုတ်လ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းနှင့် ခမောင်းဆိပ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်း ထန်နေ၍ ဒေသခံများထွက်ပြေးတိမ်ရှောင်နေသည့် ပုံဟောင်းများဖြစ်နေသည်။

ထိုအကြောင်းကို BBC Burmese မှ ဩဂုတ်လ၂၇ ရက်နေ့တွင် သတင်းတင်ဆက်ထားသည်။ သတင်းလင့် - https://bit.ly/3gnwWTT

KNU ဗဟို၏ထုတ်ပြန်ချက်များအရ အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်နေ့များတွင် တပ်မဟာ (၁) နယ်မြေ ဖြစ်သော ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်များက ဒေသခံများကို လူသားဒိုင်းများအဖြစ် အသုံးပြု ခြင်း၊ နေအိမ်များကိုမီးရှို့ခြင်းများကို ဖော်ပြထားပြီး တပ်မဟာ(၅)နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကိုမူ မတွေ့ရပေ။ သတင်းလင့် - t.ly/sxni, t.ly/LuAR

သတင်းတုတွင်ဖြန့်ဝေထားသည့် အိမ်မီးလောင်သည့်ပုံများကိုစိစစ်ခဲ့သော်လည်း ကိုက်ညီမှုရှိသည့်အချက် အလက်များ မတွေ့ရချေ။

ထို့ကြောင့် ယခု ပျံ့နှံ့နေသည့် တပ်မဟာ(၅)နယ်မြေတွင် ဒေသခံများထွက်ပြေးနေသည့်ပုံများသည် ကရင်ပြည်နယ်မှပုံများမဟုတ်ဘဲ ဩဂုတ် ၂၆ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဒေသခံများ ၏ ပုံများသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly