ကရင်န်ီတပ်မတော် (KA) အပတ်စဉ် ၇၄ အ‌ခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

ကရင်န်ီတပ်မတော် (KA) အပတ်စဉ် ၇၄ အ‌ခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

အောက်တိုဘာလ ၂၂ ရက်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ကျင်းပပြုလုပ်သည့် အပတ်စဥ် (၇၄) အခြေခံစစ်သင်တန်းကို သင်တန်းသား ၁၇၉ ဦးဖြင့် သုံးလကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို KNPP ထိန်းချုပ်ရာနယ်မြေဖြစ်သည့် တာလဲဒူဆို (ခေါ်) ညာမိုမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ ၂၂ရက်နေ့ ၌ သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်း အခမ်းအနားကို ကရင်နီတပ်မတော်တာဝန်ရှိသူများ ပါတီတာဝန်ရှိသူများ ဧည့်သည်‌တော်များ မိဘပြည်သူများ ပါဝင်အားပေးတက်ရောက်ခဲ့ကြသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly