မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွားလျက်ရှိ

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွားလျက်ရှိ

အောက်တိုဘာလ ၂၂ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ် နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၁၅) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် KIA တပ်စခန်းရှိရာ လုံဂျာဘွမ်ဘက်သို့ ယနေ့ နံနက် ၇ နာရီ ၃၀မိနစ်မှ စတင်၍ လက်နက်ကြီးဖြင့် အကြိမ်‌ ၁၀၀ ကျော် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်များက ဆိုသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်က ထိုသို့ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော်ပစ်ခတ်ခဲ့ပြီးနောက် KIA တပ်ရင်း (၁၅) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲအခြေအနေကို သိရှိနိုင်ရန် မဇ္ဈိမသတင်းဌာနက ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly