KNU မှ အသက်မပြည့်သေးသည့်ကလေးများအား စစ်သင်တန်းပေးသည်ဆိုသော သတင်းမှားပျံ့နှံ့နေ

KNU မှ အသက်မပြည့်သေးသည့်ကလေးများအား စစ်သင်တန်းပေးသည်ဆိုသော သတင်းမှားပျံ့နှံ့နေ

မဇ္ဈိမ ။    ။အသက်မပြည့်သေးသည့်ကလေးများအား ကရင်အမျိုးသားအစည်းအရုံး(KNU)မှ စစ်သင်တန်း ပေးပြီး စစ်တိုက်ခိုင်းရန်စီစဉ်နေသည်ဆိုသော အကြောင်းအရာတစ်ခု ပျံ့နှံ့နေသည်။ ထိုအကြောင်းမှာ မှား ယွင်းနေသည်။
"Koth3T" အမည်ရှိ ဖေ့ဘုတ်အကောင့်မှ အောက်တိုဘာလ ၇ ရက်နေ့တွင် "ကလေးများအား စစ်တိုက် ခိုင်းရန် KNU စီစဉ်နေ" ဟု ဆိုကာ ပုံတစ်ပုံနှင့်အတူဖြန့်ဝေခဲ့သည်။
ထိုဖြန့်ဝေမှုတွင် KNU ၏ အမိန့်ညွှန်ကြားချက်ဖြင့် ကျားဖြူတပ်ခွဲတွင် မဖြစ်မနေစစ်သင်တန်းတက် ရောက်ကြရပြီး ဆေးသင်တန်းဟုလိမ်လည်ပြောဆိုကာ တတ်ရောက်ခိုင်းကြောင်းနှင့် ကလေးများမှာ ၈,၉,၁၀ တန်းအရွယ်များဖြစ်ကြောင်း ရေးသားထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ နှစ်ရာကျော်နေပြီ ဖြစ်သည်။ 
ထိုသတင်းနှင့် ပတ်သက်၍ KNU လက်အောက်ခံ ကျားဖြူတပ်ခွဲ၏ခေါင်းဆောင်ဖြစ်သော စောဝင်းဇော်ကို မဇ္ဈိမမှ ဆက်သွယ်ခဲ့ရာတွင် “ဒါဟာ သတင်းအမှားပါ။ ကျွန်တော်တို့ဆီမှာ တော်လှန်ရေးကို စိတ်ပါဝင်စား တဲ့ အသက်ပြည့်ပြီးလူငယ် အနည်းဆုံး အသက် (၁၉, ၂၀, ၃၀) ဝန်းကျင်အရွယ်ပဲရှိပါတယ်” ဟု သတင်းမှားဖြစ်ကြောင်း အတည်ပြုသည်။ 

“တဖက်ရန်သူကတော့ ကျွန်တော်တို့အပေါ်မှာပြည်သူတွေ အထင်မှားအောင်ရည်ရွယ်မှာပါပဲ။ ဒီအပေါ်မှာ ကျွန်တော်တို့က အာရုံစိုက်နေလို့မရပါဘူး။ အဓိက  ကတော့ အာဏာရှင်အမြစ်ပြတ်အောင် တော်လှန် ချေမှုန်းဖို့ရည်ရွယ်ပြီး တိုက်တာကတော့တိုက်တာပေါ့နော်။ ပြန်လည်မွမ်းမံသင့်တဲ့လူငယ်တွေဆိုရင် လည်း ပြန်လည်မွမ်းမံပေးပါတယ်” ဟူ၍လည်း ၎င်း၏ ထင်မြင်ချက်ကို ထပ်လောင်းပြောဆိုသည်။ 
ဆက်လက်ပြီး ကျားဖြူတပ်ခွဲမှ အပတ်စဉ်(၁)ဆင်း သင်တန်းသားတစ်ဦးကို မေးမြန်းခဲ့ရာ "အသက်ပြည့် ပြီးသားသူတွေချည်းပဲ၊ အနည်းဆုံး ၁၈ နှစ် ရှိတယ်" ဟု ဆိုသည်။
ထို့ကြောင့် KNU လက်အောက်ခံ ကျားဖြူတပ်ခွဲတွင် အသက်မပြည့်သေးသည့်ကလေးများအား စစ်သင်တန်းတတ်ရောက်ခိုင်းသည်ဆိုသည်မှာ မဟုတ်မှန်ဘဲ လုပ်ကြံရေးသားထားသည့် သတင်းသာဖြစ် သည်။ 
 သတင်းမှားကို ထပ်ဆင့်ဖြန့်‌ေ၀နေကြသော Telegram Channel အများစုမှာ စစ်ကောင်စီဘက်မှ အသားပေးရေးသားထားပြီး ပြည်သူများကို ယုံမှားစေရန်ပုံဖော်ရေးသားထားကြသည့် Channel များ ဖြစ်သည်။ ပြည်သူများအနေဖြင့် Socila Media တွင် ပျံ့နှံ့နေသောသတင်းများတွေ့ရှိပါက ယုံကြည် ရသည့် သတင်း Media များနှင့်တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြရန်နှင့် ခိုင်လုံသောအထောက် အထားမရှိဘဲ အလွယ်တကူ Like ပေးခြင်း၊ ထပ်ဆင့်ဖြန့်‌ဝေခြင်းမလုပ်ကြရန် အသိပေးတိုက်တွန်းလိုက် ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#FakeNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required