ထန်တလန်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ အဖိုးတန်ရတနာများ သိမ်းဆည်းရမိ

ထန်တလန်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ အဖိုးတန်ရတနာများ သိမ်းဆည်းရမိ

မဇ္စျိမ ။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံ မှ ချင်းရိုးရာဆွဲကြိုးနှင့် အဖိုးတန်ရတနာများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ - ထန်တလန်ကွန်မန်ဒိုတပ်ဖွဲ့ က သိမ်းဆည်းရရှိခဲ့ကြောင်း အောက်တိုဘာလ ၂၁ ရက် ယနေ့တွင် ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ထန်တလန်မြို့မှ စစ်ကူလာသည့် စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ္စည်းများမှာ လူမနေတော့သည့် ထန်တလန်မြို့အတွင်းရှိ ဈေးဆိုင်နှင့်အိမ်များမှ ဖောက်ထွင်း ခိုးယူထားသည့်ပစ္စည်းများဖြစ်နိုင်ကြောင်း ဆိုသည်။

အောက်တိုဘာလ ၁၃ ရက်မှ ၁၈ ရက်နေ့အထိ ခြောက်ရက်တာအတွင်း ဟားခါးမြို့နှင့် ထန်တလန်မြို့ အကြား၊ ဟားခါးမြို့အနီးနှင့်မြို့တွင်းအပါအဝင် သီတာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ချင်း ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ ဦး ထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း ချင်းအမျိုးသာတပ်မတော်မှ ရဲဘော်သုံးဦးနှင့် CDF – Hakha မှ ရဲဘော်တစ်ဦး တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အခြားရဲဘော်တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ပွဲများအတွင်း ထန်တလန်မြို့မှ စစ်ကူလာသည့် အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့၍ လေကြောင်းမှစစ်ကူပေးတိုက် ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ဟားခါး - ထန်တလန်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ပြီး တိုက်ပွဲအတွင်း CDF – Thantlang ကွန်မန်ဒိုရဲဘော် Salai Biak Than Sang (အသက် ၁၈)နှစ် ကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required