ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်
Photo: EPA

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်က သူမ ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။

သူမသည် ဝန်ကြီးချုပ်ရာထူး ရယူထားသည်မှာ သီတင်းပတ် ခြောက်ပတ်မျှသာ ရှိသေးပြီး ယခုအခါ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည့် အကြောင်း လစ်ဇ်ထရပ်က ကြေညာခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဝန်ကြီးချုပ်နေရာ ဆက်ခံမည့်သူကို လာမည့် သီတင်းပတ်ကုန်မတိုင်မီ ရွေးချယ်သွားမည်ဟုလည်း လစ်ဇ်ထရပ်က ပြောသည်။

“လက်ရှိအခြေအနေအရ ကွန်ဆာဗေးတစ် ပါတီက ကျွန်မကို ရွေးချယ်တာဝန်ပေးခဲ့တဲ့ လုပ်ပိုင်ခွင့်အာဏာကို မျှော်လင့်ထားတဲ့အတိုင်း မထမ်းဆောင်နိုင်ခဲ့ဘူးဆိုတာကို ကျွန်မ ဝန်ခံပါတယ်။ ဒါကြောင့် ကျွန်မ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်မယ့်အကြောင်း ဘုရင်ကြီးကိုလည်း အသိပေးအကြောင်းကြားပြီးပါပြီ” ဟု လစ်ဇ်ထရပ်က ပြောသည်။

သူမ၏ နေရာ ဆက်ခံမည့်သူကို ရွေးချယ်မည့် ခေါင်းဆောင်ရွေးကောက်ပွဲတစ်ရပ်ကို လာမည့် သီတင်းပတ်အတွင်း အပြီးသတ်သွားမည်ဟု သူမက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly