တိဗက်တွင် မိခင်ဘာသာစကားကို ထိန်းချုပ်မှုရပ်တန့်ရေးအတွက် တရုတ်ကိုဖိအားပေးရန် ဂျီ-၇ ခေါင်းဆောင်များအား တိုက်တွန်း

By The Tibet post
17 October 2022
တိဗက်တွင် မိခင်ဘာသာစကားကို ထိန်းချုပ်မှုရပ်တန့်ရေးအတွက် တရုတ်ကိုဖိအားပေးရန် ဂျီ-၇ ခေါင်းဆောင်များအား တိုက်တွန်း

တိဗက်တွင် သူငယ်တန်းအရွယ်ကလေးများနှင့်ကျောင်းသားများကို အတင်းအကျပ် ကျောင်းအိပ်ကျောင်းစား နေခိုင်းခြင်းနှင့်တိဗက်ရှိ တိဗက်ဘာသာစကားကျောင်းများကို ပိတ်ပစ်ရန် တရုတ်၏လုပ်ဆောင်မှုများကို ဖိအားပေးတားမြစ်ရန်နိုင်ငံတကာတိဗက်ကွန်ရက်နှင့်တိဗက်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ကဂျီ-၇ခေါင်းဆောင်များအား တောင်းဆိုကာ အသနားခံစာလက်မှတ်ရေးထိုးပွဲကို အွန်လိုင်းနှင့်မြေပြင်တွင် ကွင်းဆင်းပြုလုပ်နေသည်။

နိုင်ငံတကာတိဗက်ကွန်ရက်နှင့်တိဗက်အမျိုးသားဒီမိုကရက်တစ်ပါတီတို့က အောက်တိုဘာ၁၂ရက်တွင် အိန္ဒိယနိုင်ငံ၊ဒါရမ်ဆလာမြို့၏အထင်ကရရင်ပြင်တွင်အသနားခံစာလက်မှတ်ရေးထိုးပွဲတစ်ခုကိုကျင်းပခဲ့သည်။

တိဗက်ကလေးများကိုတရုတ်ကအတင်းအကျပ်ကျောင်းအိပ်ကျောင်းစားနေခိုင်းခြင်းနှင့်သူငယ်တန်းကျောင်းတက်ခိုင်းခြင်းမှကယ်တင်ရန်ပြည်သူများအားအသနားခံစာကိုလက်မှတ်ရေးထိုးရန်၎င်းတို့ကတောင်းဆိုထားသည်။

ကလေးများအားမိဘများထံမှအတင်းအကျပ်ခေါ်ဆောင်သွားကာတရုတ်ဘာသာစကားနှင့်ယဉ်ကျေးမှုကိုသင်ကြားခိုင်းပြီးတိဗက်မဟုတ်ဘဲတရုတ်လူမျိုးကဲ့သို့ဖြစ်လာစေရန်ကြိုးပမ်းခဲ့ကြသည်။

အသနားခံစာများကိုနိုဝင်ဘာလတွင်ဂျာမနီတွင်ကျင်းပမည့်ဂျီ-၇နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲတွင်တင်သွင်းမည်ဖြစ်သည်။

“တရုတ်အစိုးရကအကြင်နာတရားမဲ့စွာတိဗက်ကိုလိုနီပြုပြီးမတူကွဲပြားတဲ့တိဗက်လူမျိုးကိုအမြစ်ပြတ်ချေမှုန်းရန်ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီးခိုင်မာအားကောင်းသည့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပေးရန်ဂျီ-၇၏ခေါင်းဆောင်များဆီသို့ကျွန်တော်တို့စာရေးသားနေပါသည်”ဟုအဖွဲ့အစည်းများ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်ကတိဗက်အသိုက်အဝန်းကိုဖိနှိပ်ချုပ်ချယ်သည့်လှုပ်ရှားမှုများဆက်လက်လုပ်ဆောင်နေပြီးတရုတ်ကယင်း၏သြဇာခံဒလိုင်းလားမားကိုခန့်အပ်ရန်စီစဉ်နေကြောင်းလည်းအမေရိကန်ထိပ်တန်းသံတမန်တစ်ဦးကပြောကြားထားသည်။

“တရုတ်အာဏာပိုင်တွေကတိဗက်အသိုက်အဝန်းအပေါ်ဖိနှိပ်မှုတွေဆက်လက်လုပ်ဆောင်နေပါတယ်”ဟုဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာတွင်ယခုသီတင်းပတ်အတွင်းကျင်းပသည့်အစည်းအဝေး၏ဘေးပန်းအစည်း

အဝေးတွင်တိဗက်ပြဿနာများဆိုင်ရာအမေရိကန်အထူးညှိနှိုင်းရေးမှူးကအူဇရက်ဇီယျကပြောကြားထားသည်။

ဒေသတွင်းရှိတရုတ်မူဝါဒများသည်တိဗက်အမျိုးသားရေးလက္ခဏာကိုခြိမ်းခြောက်နေကြောင်းဝါရှင်တန်အခြေစိုက်လွတ်လပ်သောအာရှအသံ (RFA) မှဇီယျ၏ပြောကြားချက်ကိုကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required