ပါကစ္စတန် ဘာလိုချီစတန်တွင် စားနပ်ရိက္ခာအကျပ်အတည်း ပေါ်ပေါက်စဉ် အစိုးရဂိုဒေါင်များ၌ သိုလှောင်ထားသော ဂျုံများ ပျက်စီး

ပါကစ္စတန် ဘာလိုချီစတန်တွင် စားနပ်ရိက္ခာအကျပ်အတည်း ပေါ်ပေါက်စဉ် အစိုးရဂိုဒေါင်များ၌ သိုလှောင်ထားသော ဂျုံများ ပျက်စီး

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်း ၃ပတ်ကျော်အတွင်း ဂျုံ အကျပ်အတည်း ဖြစ်ပေါ်ခဲ့စဉ် ဘာလိုချီစတန်ပြည်နယ် ပီရှင်းခရိုင် ဘန်းလမ်းတွင် တည်ရှိသော အစိုးရ စားနပ်ရိက္ခာ ကုန်လှောင်ရုံတစ်ခု၌ ဂျုံအိတ်များ ဆွေးမြည့်ပျက်စီးနေသည့် ဓာတ်ပုံတချို့ ထွက်ပေါ်လာခဲ့ရာ နိုင်ငံတွင် ဂျုံမလုံလောက်မှု ပြဿနာ ဖြစ်နိုင်ခြေကို ဖော်ပြလျက် ရှိသည်။

ပါကစ္စတန်သည် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးရေလျှံမှုဒဏ်ခံထားခဲ့ရပြီး ရေကြီးမှုနောက်ပိုင်း ဂျုံ တန်ချိန်များစွာနှင့် အခြား အစားအစာ ထုတ်ကုန်များ ထိခိုက်ပျက်စီးခဲ့ရာတွင် ယင်းက အစိုးရ၏ တာဝန်ပေါ့ဆမှုကို ပြသနေသည်။

နိုင်ငံသည် ငွေကြေးဖောင်းပွမှုနှင့် ကြုံတွေ့နေရချိန် အဆိုပါ အခြေအနေများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဘာလိုချီစတန်ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်သုံးပတ်ကြာ ဂျုံ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ ယခုနှစ်အတွက် လိုအပ်သည့် ဂျုံများကို ဝယ်ယူရန် ပျက်ကွက်မှုအတွက် ဂျုံစက်ပိုင်ရှင်များက ပြည်နယ်အစိုးရအပေါ် အပြစ်တင်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။

လိုအပ်ချက်နှင့် ထောက်ပံ့ဖြည့်ဆည်းမှုအကြား ကြီးမားသည့် ကွာဟချက်တစ်ခု ရှိခဲ့သဖြင့် အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် ဂျုံစက်များ အသင်းအဖွဲ့ (PFMA) ၏ ဘာလိုချီစတန်ဆိုင်ရာ ကိုယ်စားလှယ်များက ပြောကြောင်း ARY News က ဖော်ပြသည်။

“ဂျုံ စက်ပိုင်ရှင်တွေကတော့ ဒီအကျပ်အတည်းအတွက် အပြစ်တင်ခံနေရပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာက သီးနှံရိတ်သိမ်းရာသီအတွင်း ပြည်နယ်တစ်ခုနဲ့ တစ်ခုအကြား၊ ခရိုင်တစ်ခုနဲ့ တစ်ခုအကြားမှာ ဂျုံ သယ်ယူပို့ဆောင်မှုအပေါ် ပိတ်ပင်ချက်တစ်ရပ် ပြည်နယ်အစိုးရက ချမှတ်ခဲ့တာကြောင့်ပါ” ဟု ၎င်းတို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly