ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာအထွက်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေ

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာအထွက်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်ရှိ ရင်ပေါင်တိုင်ကျေးရွာမှ ပုထိုးသာကျေးရွာ ဘက်သို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားကိုးဦးသေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းမင်းတပ်ဖွဲ့ သတင်းနှင့်ပြန်ကြား ရေးမှ သိရသည်။

“ စစ်ကောင်စီတပ်တွေက ရင်ပေါင်တိုင်ကျေးရွာအနှံ့ကို တပ်စိတ်တွေခွဲပြီးနေရာ ယူထားကြတယ်။ တပ် စိတ်တစ်ခုက နံနက်ပိုင်းမှာ ရင်ပေါင်တိုင်ကနေ ပုထိုးသာဘက်ကို ထွက်လာတယ်။ ထွက်လာတဲ့ တပ်စိတ် တစ်ခုရဲ့နောက် မီတာ(၁၅၀)လောက်မှာ တပ်စိတ်တစ်ခုကပ်ပါလာတယ်။ ကျနော်တို့က ပထမတပ်စိတ် ကို မိုင်းဆွဲတိုက်ခဲ့တာဗျ။ စစ်သား ၁၀ ဦးပါတဲ့တပ်စိတ်က ကိုးဦး နေရာတင်တစ်ခါတည်း တုံးခနဲလဲကျ သွားပြီး စစ်သားတစ်ယောက်ပဲ ကျန်တယ်။ ကျနော်တို့မိုင်းဆွဲပြီးတဲ့နောက်မှာ ကပ်ပါလာတဲ့ စစ်သားတွေ က လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” ဟု ဒေါင်းမင်းတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးက ဆိုသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို YMB ဗိုလ်သံမဏိဦးဆောင်သည့် ဒေါင်းမင်းတပ်ဖွဲ့နှင့်မဟာမိတ်များ ပူးပေါင်း ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် နေ့လည်ပိုင်း ၁နာရီ အချိန်ခန့်တွင် ရင်ပေါင်တိုင်ကျေးရွာ မှ နေအိမ် သုံးလုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်စီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ကပျားအို ဘုန်းကြီးကျောင်းတွင် ပုန်းအောင်နေသည့် ဒေသခံပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး နှင့်အတူ ၎င်း၏ ယောက်ခမ တော်စပ်သူ အမျိုးသမီး တစ်ဦးကို ပါ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရင်ပေါင်တိုင် ဒေသခံက ပြောသည်။

“ ယမန်နေ့က ရဟာတ်ယာဉ် ခြောက် စီး နဲ့ စစ်သား ရာဂဏာန်း လောက် လာပြီး ချသွားတယ်။ ရုတ်တရက် ကြီးဆိုတော့ ဒေသခံ ရွာသူရွာသား တွေ လည်း အကုန်ကြောက်လန့်ပြီး ဝရုန်းသုန်းကား ထွက်ပြေးကြရတာဗျ။ လူကြီး၊ လူငယ်၊ ကလေး ကအစ ဗျာ နေပူကျဲကျဲ မှာ ဖိနပ်တောင်မပါ ကြဘူး ထွက်ပြေးရတာဗျ။ စစ်သားတွေက ပတ်ပတ်လည် ဝိုင်းလာတော့ ဒေသခံတွေ ပျားအို ဘုန်းကြီး ကျောင်းထဲမှာ ပိတ်မိနေတာဗျာ ။ စစ်သားတွေ လာနေတာ မြင်ပြီး ထွက်ပြေး တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနဲ့ ယောက်ခမ ဖြစ်သူ နှစ်ဦးကတော့ စစ်သားတွေရဲ့ ပစ်သတ်မှူကြောင့် လည်ပင်ကို ထိုးချင်းပေါက် ကျည်မှန်ပြီး နေရတင် သေဆုံးသွားတယ်ဗျ။ ကလေးငယ် တစ်ချို့ နှင့် အမျိုးသမီး အချို့ကို ပြန်လွှတ်ပြီး ယောက်ကျားတွေတော့ အကုန်ဖမ်းခေါ်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ် ရဲ့ အကြမ်းဖက် စစ်ကြောင်းထိုးမှူ များကြောင့် ပုလဲမြို့ နယ် နှင့် ယင်းမာပင် မြို့နယ် ရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံများ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required