ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ကမ္ဘာ့ အကြီးစား လူလိမ်ဖြစ်ကြောင်း လက်ရှိဝန်ကြီးချုပ် ပြော

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ကမ္ဘာ့ အကြီးစား လူလိမ်ဖြစ်ကြောင်း လက်ရှိဝန်ကြီးချုပ် ပြော

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ကမ္ဘာပေါ်ရှိ အကြီးစား လူလိမ် ဖြစ်ကြောင်း လက်ရှိ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က စွပ်စွဲ ပြောဆိုလိုက်ပြီး ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ အကြီးအကဲ ခန်းသည် နိုင်ငံ၏ စီးပွားရေးကို ဖျက်ဆီးခဲ့သည်ဟု ပြောသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဗြိတိန်သတင်းစာ The Guardian နှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခုတွင် ပြောကြားရာတွင် ပါကစ္စတန်နိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးပိုင်းတွင် PTI အကြီးအကဲကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း Dawn သတင်းစာက ကိုးကားဖော်ပြသည်။

“အီမရန်ခန်းသည် ကမ္ဘာ့ မျက်နှာစာတွင် အကြီးစား လူလိမ် ဖြစ်သည် ဆိုခြင်းအတွက် ငြင်းမရနိုင်သည့် ထောက်ခံချက် တစ်ခု ရှိနေခဲ့ကြောင်း” ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားပြီး အီမရန်ခန်း၏ cypher အသံဖိုင်ပေါက်ကြားမှုကိစ္စကို ရည်ညွှန်းခဲ့သည်။

Cypher သည် လျှို့ဝှက် သံတမန်ရေးရာ ကြေးနန်းတစ်ခုဖြစ်ပြီး ယင်းသည် ပါကစ္စတန်တွင် အီမရန်ခန်း အစိုးရကို ဖြတ်ချရန်နှင့် အစိုးရ အပြောင်းအလဲဖြစ်မြောက်စေရန် အမေရိကန်အစိုးရက ဆန္ဒရှိခဲ့သည် ဆိုသော အကွက်ချကြံစည် သီအိုရီများကို မီးလောင်ရာ လေပင့်ဖြစ်စေခဲ့သည်။

Cypher သည် ထိုစဉ်က အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်ဖြစ်ခဲ့သော အာဆက်ဒ် မာဂျီးဒ် နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ ဒေါ်နယ် လူတို့ တွေ့ဆုံခဲ့မှုအပေါ် အခြေတည်သည်။ အမေရိကန်က ပြီးခဲ့သည့် ဧပြီလတွင် အီမရန်ခန်းကို ဖြုတ်ချရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့သည် ဆိုပြီး PTI ပါတီ၏ ပြောကြားခဲ့ရာတွင် ဒေါ်နယ် လူကို အဓိကထားကာ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required