ငါန်းဇွန်မြို့နယ် ကုလရွာကြီးကျေးရွာ အဝင်လမ်း၌ စစ်ကောင်စီတပ်က ရုပ်အလောင်း ၅ လောင်းလာထား

ငါန်းဇွန်မြို့နယ် ကုလရွာကြီးကျေးရွာ အဝင်လမ်း၌ စစ်ကောင်စီတပ်က ရုပ်အလောင်း ၅ လောင်းလာထား

မဇ္ဇျိမ။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုလရွာကြီးကျေးရွာအဝင်လမ်းတွင် စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် လက်ပြန်ကြိုးတုတ်လျှက် သေဆုံးနေသော ရုပ်အလောင်းငါးလောင်းကို သေနက်များပစ်ဖောက်ကာ လောက်ရောက်ချထားသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် ရုပ်အလောင်းငါးလောင်းအား လာရောက်ပစ်ထားခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပြန်လည်သယ်ဆောင်သွားကြောင်းဒေသခံများ၏ အပြောအရ သိရသည်။

“အသက်ခံရတဲ့ လူတွေက ဒေသခံတွေမဟုတ်ပါဘူး။ မြစ်တဖက်ကမ်း မြင်းမူဘက်ကလို့ ရွာသားတွေ ထင် ကြေးပေးပြောဆိုနေကြပါတယ်။ ရွာထဲကို PDF တွေမို့သတ်တာလို့ စခ(စစ်ကောင်စီတပ်သား)တွေက သတင်းလွှင့်သွားပါသေးတယ်။ ရွာသားတွေက မနက်လင်းလို့ ယာခင်းသွားကြမှ သိကြတာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ပြည်သူငါးဦးအား တစ်နေနေရာမှသတ်လာပြီး ရွာအဝင်လမ်းတွင် လာထားသွား ကြောင်းနှင့် မည်သည့်ရွာမှဖြစ်သည်ကို စုံစမ်းနေကြသည်ဟုလည်း သိရသည်။

အသတ်ခံရသူများမှာ အမျိုးသမီးတစ်ဦးနှင့် အသက်၁၇ နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် ငါးဦးဖြစ်ပြီး လက်ပြန်ကြိုးများတုတ်ထားသည်ဟုလည်း ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required