စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုများကြား ချီတက်ဆန္ဒပြကြသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုများကြား ချီတက်ဆန္ဒပြကြသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ ယနေ့အောက်တိုဘာ ၁၉ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲ ကျင်းပကြသည်။

ဒေသအတွင်းတွင် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူအများရှောင်တိမ်းရင်း ဆက်လက်ချီတက်နေခြင်းဖြစ်ကြောင်း သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” စာတန်းများအား ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးသွားခဲ့သည့် အာဇာနည်အပေါင်းအား ဦးညွတ်အလေးပြုခဲ့ကြသည်။

ယနေ့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ် စစ်ကြောင်း၏ ၅၈၇ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required