စစ်တပ်အကြီးအကဲ ခန့်အပ်မှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးရေး ပါကစ္စတန်သမ္မတ တိုက်တွန်း

စစ်တပ်အကြီးအကဲ ခန့်အပ်မှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးရေး ပါကစ္စတန်သမ္မတ တိုက်တွန်း

ပါကစ္စတန်နိုင်ငံတွင် စစ်တပ်အကြီးအကဲသစ် ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး ကျယ်ပြန့်သော ဆွေးနွေးတိုင်ပင်မှု တစ်ခု ပြုလုပ်သင့်ကြောင်းနှင့် ထိုမှသာလျှင် အများသဘောဆန္ဒတစ်ခု ထွက်ပေါ်လာနိုင်ကြောင်း သမ္မတ အာရစ်ဖ် အယ်လ်ဗီက ပြောကြားလိုက်သည်။

လက်ရှိ ပါကစ္စတန်စစ်တပ်၏ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါသည် မကြာမီ ရာထူးသက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ အကြီးအကဲ အီမရန်ခန်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သည့် သက်တမ်းကာလအတွင်း သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရသည့် အယ်လ်ဗီက Aaj TV နှင့် အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

စစ်တပ်အကြီးအကဲ ခန့်အပ်မှုနှင့် ပတ်သက်ပြီး အတိုက်အခံတို့နှင့် ဆွေးနွေးတိုင်ပင်မှုများ ရှိခဲ့ကြောင်း အယ်လ်ဗီက ယခင်သာဓကများကို ကိုးကားပြီး ပြောသည်။ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက ၂၀၁၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါကို သက်တမ်းသုံးနှစ် တိုးပေးခဲ့ရာတွင် ထိုစဉ်က အတိုက်အခံ ဖြစ်ခဲ့သူများနှင့် အလားတူ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အယ်လ်ဗီက ပြောသည်။

“ဆွေးနွေးတိုင်ပင်မှုတစ်ခုအတွင်း သဘောတူညီမှု ရပြီးတဲ့အခါကျရင် ပါလီမန်မှာ ဥပဒေကို အဆိုပြုတင်သွင်းရပါလိမ့်မယ်” ဟု ၎င်းက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly