တရုတ်က အင်ဒို-ပစိဖိတ်ဒေသတွင် ပြိုင်ဆိုင်မှုကိုအဓိကထားနေ

တရုတ်က အင်ဒို-ပစိဖိတ်ဒေသတွင် ပြိုင်ဆိုင်မှုကိုအဓိကထားနေ

တရုတ်နှင့်ရုရှားက အမေရိကန်အားခြိမ်းခြောက်မှုကို အလေးပေးဖော်ပြထားသည့် အဓိကမူဝါဒစာတမ်း တစ်စောင်ကိုအမေရိကန်အစိုးရကအောက်တိုဘာ၁၂ရက်တွင်ထုတ်ပြန်လိုက်သည်။

၂၀၂၂ခုနှစ်အစောပိုင်းက "အကန့်အသတ်မဲ့မိတ်ဖက်ဆက်ဆံရေး" ဟုကြေညာခဲ့သော တရုတ်နှင့်ရုရှားတို့က ပိုမိုနီးကပ်လာပြီးယင်းတို့၏စိန်ခေါ်မှုများကပိုမိုထင်ရှားလာသည်ဟုအမျိုးသားလုံခြုံရေးမဟာဗျူဟာတွင် ဖော်ပြထားသည်။

"ကြီးမားသောအန္တရာယ်ရှိသည့်ရုရှားကိုထိန်းချုပ်ထားစဉ်တရုတ်နှင့်ယှဉ်ပြိုင်ရာတွင်အခွင့်သာမှုများကိုဆက်လက်ထိန်းသိမ်းထားရန်ဦးစားပေးဆောင်ရွက်သွားမည်" ဟုယင်းကထပ်လောင်းဖော်ပြခဲ့သည်။

မူဝါဒစာတမ်းတွင်အင်ဒို-ပစိဖိတ်ဒေသတွင်တရုတ်နှင့်ပြိုင်ဆိုင်မှုပြင်းထန်နေပြီး တစ်ကမ္ဘာလုံးတွင်လည်း ပြိုင်ဆိုင်မှုပိုများလာနေကြောင်းဆိုသည်။

" ပြိုင်ဆိုင်မှုကကမ္ဘာတစ်ဝန်းလုံးတွင် လမ်းစည်းကမ်းများရေးသားခြင်း၊ ကမ္ဘာ့ရေးရာများကို စိုးမိုးသည့်ဆက်ဆံရေးများကိုပုံဖော်ရန်ဒေသတိုင်းနှင့်စီးပွားရေး၊နည်းပညာ၊သံခင်းတမန်ခင်း၊ဖွံ့ဖြိုးတိုး

တက်မှု၊ လုံခြုံရေးနဲ့ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအတွက်ယှဉ်ပြိုင်နေကြသည်" ဟု ယင်းက ထပ်လောင်းဖော်ပြခဲ့သည်။

လာမည့်ဆယ်နှစ်အတွင်းတရုတ်နှင့်ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမည်ဟုအမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာတွင်ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်ဒေသတွင်အမေရိကန်မဟာမိတ်များနှင့် မိတ်ဖက်အများအပြားသည် တရုတ်၏ အကျပ်ကိုင်မှုနှင့်ရင်ဆိုင်နေရပြီးယင်းတို့၏လုံခြုံရေးနှင့်သာယာဝပြောရေးကိုရှာဖွေရန်မှန်ကန်စွာဆုံးဖြတ်ထား ကြောင်းမူဝါဒတွင် ဖော်ပြထားသည်။

ရုရှားစစ်ပွဲသည်တရုတ်၊အိန္ဒိယနှင့်ဂျပန်ကဲ့သို့သောအာရှအင်အားကြီးနိုင်ငံများနှင့်နှိုင်းယှဉ်ပါကရုရှား၏အဆင့်အတန်းကိုဆိုးရွားစွာကျဆင်းစေသည်ဟုယင်းကဆိုသည်။

“ရုရှား၏ပါဝါပျော့နှင့်သံတမန်ရေးလွှမ်းမိုးမှုလျော့ပါးသွားခဲ့ပြီးစွမ်းအင်ကိုလက်နက်အဖြစ်အသုံးချရန်ကြိုးပမ်းမှုများကရလဒ်ပြောင်းပြန်ဖြစ်ခဲ့ရသည်။

ရုရှား-ယူကရိန်းပဋိပက္ခတွင်ရုရှား၏နယ်ချဲ့နိုင်ငံခြားရေးမူဝါဒသည် " ယူကရိန်းအားအင်အား အပြည့်ကျူးကျော်ခြင်းဖြင့်ယူကရိန်းအစိုးရကိုဖြုတ်ချပြီးရုရှားထိန်းချုပ်မှုရေးအောက်တွင်ထားလိုခြင်းဖြစ်သည်ဟုစာတမ်းတွင်ဖော်ပြထားသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းရုရှားအစိုးရသည်နိုင်ငံတကာအစီအစဉ်၏အဓိကအစိတ်အပိုင်းများကိုပြောင်းလဲရန်ရည်ရွယ်ချက်ဖြင့်နယ်ချဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးရန်ရွေးချယ်ခဲ့သည်ဟုစာတမ်းတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly