တရုတ်မူဝါဒများက တရုတ်-ဥရောပဆက်ဆံရေးကို ဆိုးရွားစေ

တရုတ်မူဝါဒများက တရုတ်-ဥရောပဆက်ဆံရေးကို ဆိုးရွားစေ

ယူကရိန်းစစ်ပွဲအတွင်းပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊တရုတ်၏စီးပွားရေးနှင့်လိုက်လျောညီထွေမရှိသည့်'ကိုဗစ်လုံးဝကင်းစင်ရေး' မူဝါဒ၊လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ထိုင်ဝမ်ရေလက်ကြားပဋိပက္ခတို့အပါအဝင်များစွာသော စီးပွားရေးနှင့်နိုင်ငံရေးအကြောင်းရင်းများသည်တရုတ်နှင့်ဥရောပအကြားဆက်ဆံရေးကိုယိုယွင်းလာစေခဲ့သည်။

ယင်းတို့ကြောင့်ဥရောပနိုင်ငံများသည်စီးပွားရေးမသေချာမရေရာမှုများကြားတွင်တရုတ်တွင်ရင်းနှီးမြှုပ်နှံမှုအသစ်များဆက်လက်ပြုလုပ်ရန်တုံ့ဆိုင်းနေသဖြင့်ရွေးချယ်စရာအသစ်များကိုရှာဖွေရန်အလျင်လိုနေကြသည်ဟု စင်ကာပူပို့စ်သတင်းတွင်ဖော်ပြထားသည်။

တရုတ်သည်လွန်ခဲ့သောနှစ်အနည်းငယ်ကပင်ဥရောပ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာခဲ့သည်။နယူးယောက်အခြေစိုက်Rhodium Group ၏အဆိုအရတရုတ်တွင် ဥရောပရင်းနှီးမြှုပ်နှံမှုကိုကြီးမားသည့် ကုမ္ပဏီကြီးအနည်းငယ်ကသာ ပြုလုပ်ကြောင်းဆိုသည်။

"မကြာသေးမီနှစ်များအတွင်းဥရောပကုမ္ပဏီအသစ်များတရုတ်ဈေးကွက်သို့ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း" အဖွဲ့ကပြောကြားခဲ့သည်။

"လုပ်ငန်းကြီးတချို့ကတော့အဲဒီ့မှာရင်းနှီးမြှုပ်နှံမှုတွေတိုးလာနေပါတယ်။တခြားသူတွေကတော့သူတို့ရဲ့လက်ရှိအနေအထားကိုပြန်လည်အကဲဖြတ်နေပါတယ်" ဟုRhodium's China ၏မန်နေဂျင်းဒါရိုက်တာနိုပ်ချ်ဘာကင်ကပြောကြားခဲ့သည်။

ထို့ပြင်ကမ္ဘာ့ဘဏ္ဍာရေးဝန်ဆောင်မှုအဖွဲ့ဖြစ်သည့်Nomura Holdings က တရုတ်၏၂၀၂၃ခုနှစ်တစ်နှစ်တာတိုးတက်မှုအတွက် ယင်း၏ခန့်မှန်းချက်ကို ၅ဒသမ၁ရာခိုင်နှုန်းမှ၄ဒသမ၃ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

ဗြိတိန်ကဲ့သို့နိုင်ငံများက တရုတ်မူဝါဒများကိုသဘောမတွေ့ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာကြ သည်။

တရုတ်မူဝါဒများအပေါ် သဘောမတူကြောင်းဖော်ပြသည့်အနေဖြင့် ဗြိတိန်က တရုတ်နည်းပညာကုမ္ပဏီHuawei ကို ပိတ်ဆို့ထားသည်။တရုတ်ရုပ်သံလိုင်းCGTN ၏လိုင်စင်ကိုလည်းရုပ်သိမ်းခဲ့ပြီး ဟောင်ကောင်မှ အတိုက်အခံသန်းနှင့်ချီပြီးခိုလှုံခွင့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required