တရုတ်အတွက် စိန်ခေါ်မှုများရှိနေချိန်တွင် သမ္မတရှီက ပါတီညီလာခံ စတင်မည်

တရုတ်အတွက် စိန်ခေါ်မှုများရှိနေချိန်တွင် သမ္မတရှီက ပါတီညီလာခံ စတင်မည်

တရုတ်သမ္မတရှီကျင့်ဖျင်သည် အာဏာရကွန်မြူနစ်ပါတီ၏ သမိုင်းဝင်အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပတော့မည်ဖြစ်ကာ မော်စီတုံးနောက်ပိုင်း တရုတ်နိုင်ငံ၏ အာဏာအရှိဆုံး အုပ်ချုပ်သူအဖြစ် ၎င်းရာထူးကို ခိုင်မြဲစေမည့် တတိယသမ္မတသက်တမ်းကို ရယူရန် အသင့်ရှိနေသည်။

ရှီသည်ရုရှားသမ္မတဗလာဒီမာပူတင်အပေါ် ထောက်ခံမှုကြောင့် တရုတ်ကို အနောက်နိုင်ငံများနှင့် ကင်းကွာ စေခဲ့သလိုကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် တိုင်းပြည်စီးပွားထိခိုက်ပြီး ကသောင်းကနင်းဖြစ်နေချိန်တွင် ကွန်ဂရက်ကျင်းပလာခြင်းဖြစ်သည်။

ယေဘုယျအားဖြင့် သီတင်းတစ်ပတ်ကြာမြင့်မည့် ညီလာခံကို တီယန်နန်မင်ရင်ပြင်ရှိ ကျယ်ပြောလှသော Great Hall ခန်းမတွင် ကိုယ်စားလှယ်၂ ၃၀၀ ခန့်ဖြင့် ကျင်းပမည်ဖြစ်ပြီး အများစုမှာ တံခါးပိတ်အစည်းအဝေးများ ဖြစ်သည်။

မြို့တော်ပေကျင်းတွင် လုံခြုံရေး တိုးမြှင့်ထားပြီး ကိုဗစ်စစ်ဆေးမှုကိုလည်း အရှိန်မြှင့်ထားသည်။ အနီးရှိ ဟဲပေပြည်နယ်တွင် လေထုအရည်အသွေးကောင်းမွန်စေရန် သံမဏိစက်ရုံများလည်ပတ်မှုကို ရပ်တန့်ရန် ညွှန်ကြားထားကြောင်း စက်မှုလုပ်ငန်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။

လုံခြုံရေးနှင့် ကိုယ့်ကိုယ်ကိုယ်အားကိုးမှု၊ စီးပွားရေးကို နိုင်ငံတော်ကထိန်းချုပ်မှု၊ ပိုမိုရန်လိုသော သံခင်းတမန်ခင်း၊ အင်အားပိုကောင်းလာသော စစ်ရေးနှင့် ထိုင်ဝမ်ကို သိမ်းပိုက်ရန် ပိုမိုကြီးထွားလာသော ဖိအားများ စသည်တို့ကို ဦးစားပေးမည့် မူဝါဒများကို အဆက်မပြတ်အလေးထားမှုနှင့်အတူ ရှီ၏ တတိယ သက်တမ်းတွင် ဦးတည်ချက်အားဖြင့် သိသိသာသာ သွေဖည်မှုများရှိမည်ဟု လူအနည်းစုက မျှော်လင့်ထားသည်။

ရှီသည် နောက် ၅ နှစ်အတွက် ယေဘုယျဦးစားပေးချက်များကို ဖော်ပြထားသော ရှည်လျားလှသည့် မိန့်ခွန်းကို ရုပ်မြင်သံကြားမှ ဖတ်ပြကာ ကွန်ဂရက်ကို စတင်ဖွယ်ရှိသည်။

ကွန်ဂရက်သည် စီးပွားရေး ပြန်လည်နာလန်ထူရန် မူဝါဒပိုင်းတွင် သိသာသော ရုတ်ချည်းပြောင်းလဲမှုများ လုပ်ဆောင်ဖွယ်မရှိကြောင်း လေ့လာသူများက ပြောသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ယခုနှစ်တွင် ၃ ရာခိုင်နှုန်းသာရှိခဲ့ပြီး တရားဝင် မျှော်မှန်းချက်ဖြစ်သည့် ၅ ဒသမ ၅ ရာခိုင်နှုန်းထက် များစွာလျော့နည်းခဲ့သည်။

“အခုအချိန်နဲ့ ၂၀၂၃ ခုနှစ် မတ်လအကြားမှာ အထူးသဖြင့် ကိုဗစ်လုံးဝကင်းစင်ရေးဗျူဟာနဲ့ အိမ်ခြံမြေကဏ္ဍအပေါ် မကြုံစဖူး ကန့်သတ်ချက်တွေအပါအဝင် သိသာတဲ့ မူဝါဒပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ မထင်ဘူး” ဟု Nomura ငွေကြေးဝန်ဆောင်မှုကုမ္ပဏီမှ သုံးသပ်သူများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly