ကေအိုင်အေ တပ်မဟာ(၂)အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်

ကေအိုင်အေ တပ်မဟာ(၂)အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်

အောက်တိုဘာလ ၁၈ ရက်

ကေအိုင်အေ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသူများကို ထိရောက်စွာအရေးယူရှင်းလင်းသွားမည်ဟု သတိပေးချက် ထုတ်ပြန်သည်။

အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး KIA တပ်မဟာ(၂)ထိန်းချုပ် နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲခြင်းများကို လုံးဝမပြုလုပ်ရန် ကေအိုင်အို(ဗဟို) အနောက်ပိုင်းတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ အောက်တိုဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်ထားသည်။

သတိပေးချက်ကို ကေအိုင်အေ တပ်မဟာ(၂)နယ်မြေအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၊ အဖွဲ့အစည်းမှန်သမျှနှင့် လုပ်ငန်းရှင်များ အားလုံးကို ရည်ညွှန်း သတိပေးထားသည့် ထုတ်ပြန်ချက်ဖြစ်သည်။

ကချင်ဘာသာစကားဖြင့် ထုတ်ပြန်သည့် ကေအိုင်အို(ဗဟို) အနောက်ပိုင်းတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ၏ သတိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိ‌သောသူများအား ထိရောက်စွာအရေးယူ ရှင်းလင်းသွားမည်ဖြစ်ကြောင်းကိုလည်း သတိပေးချက်တွင် ဖော်ပြထားသည်။

ကေအိုင်အေ တပ်မဟာ(၂)နယ်မြေသည် တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသဖြစ်ပြီး အဆိုပါဒေသမှာ ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား စစ်ရေးတင်းမာလျက်ရှိသည့် ဒေသဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ယော်ထန် (လိုင်ဇာ)

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly