KDDF ခေါင်းဆောင် ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် အဖွဲ့မှ Facebook စာမျက်နှာအသစ် ပြန်လည်တည် ထောင်ကြောင်း အသိပေး

KDDF ခေါင်းဆောင် ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် အဖွဲ့မှ Facebook စာမျက်နှာအသစ် ပြန်လည်တည် ထောင်ကြောင်း အသိပေး

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(KDDF) ခေါင်းဆောင်ဖြစ်သူအား စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားပြီး ဖုန်းနှင့် KDDF ၏ Facebook စာမျက်နှာကိုလည်း စစ်အုပ်စု ကအသုံးပြုနေ၍ Page အသစ်ပြန်လည်တည်ထောင်ကြောင်း KDDF အသိပေး ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူ KDDF ခေါင်းဆောင် ကိုရာဇာမင်း(ခေါ်)ကိုဝေဖြိုးအောင်သည် စစ်ဆင်ရေးတစ်ခုသွားစဉ် ကင်းပုန်းနှင့်တွေ့ကာ အပြန်အလှန်ပစ်ခတ်မှုအတွင်း အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ခေါင်းဆောင် ကိုရာဇာမင်းအဖမ်းခံရပြီးတဲ့နောက် KDDF ရဲ့ Facebook လည်း အခု ခွေး (စကစ)တွေ လက်ထဲမှာ ရှိနေပါတယ်။ ကိုရာဇာမင်းက အခုထိ စစ်ကြောရေးမှာပဲရှိနေသေးတယ်။ ကျွန်တော်တို့ အခုအသစ်ဖွင့်တဲ့ Page လေးကို ပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် ယုံကြည်စိတ်ချစွာ ပါဝင်ကူညီထောက်ပံ့ပေးဖို့၊ ကျွန်တော်တို့ ရဲဘော်တွေအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မရှိတော့ပေမယ့် ကျွန်တော်တို့က ဆက်လက်ပြီး ခေတ်အဆက်ဆက် ယုတ်မာလာတဲ့ အာဏာရှင်ကို အပြီးတိုင် ချေမှုန်းတိုက်ခိုက်သွားမှာပါ။ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိပါဘူး” ဟု KDDF အဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

KDDF ခေါင်းဆောင် ကိုရာဇာမင်းဖမ်းဆီးခံရပြီးနောက် KDDF Facebook Page မှာ စစ်ကောင်စီလက်သို့ ရောက်ရှိသွား၍ အလှူရှင်အဆက်သွယ်အားလုံး ပြတ်တောက်သွားခဲ့ရပြီး လက်နက်ခဲယမ်းများ ဝယ်ယူ ရေး၊ မစ်ရှင်များစွာလုပ်ဆောင်နိုင်ရေးတို့အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိသောကြောင့် မိဘပြည်သူ များအနေဖြင့် တတ်နိုင်သ၍ ပါဝင်ကူညီအားဖြည့်ပေးကြရန် KDDFအဖွဲ့မှ ရဲဘော်များက နှိုးဆော်ထား သည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required