NUG အစိုးရလက်အောက်ခံ ကျားသစ်နက်စစ်ကြောင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်

NUG အစိုးရလက်အောက်ခံ ကျားသစ်နက်စစ်ကြောင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်

မဇ္ဈိမ။ ။ကရင်ပြည်နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေတွင် အောက်တိုဘာလ ၁၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၊ ကျားသစ် နက်စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (၁/၂၀၂၂)ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီး ဌာနမှ ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ယခု သင်တန်းဆင်ပွဲတွင် သင်တန်းသား ဦးရေ ၁၀၀ ခန့်အား အခြေခံစစ်ပညာသင်ကြားပေးနိုင်ခဲ့ခြင်းဖြစ် သည်။ ကျားသစ်နက်စစ်ကြောင်းသည် မြဝတီနှင့်ကော့ကရိတ်ဒေသတို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့် စစ်ကြောင်းဖြစ်သည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required