ကိုရီးယား Tanker တစ်စင်း နစ်မြုပ်မှု မြန်မာလူမျိုး Chief officer တစ်ဦး သေဆုံး

ကိုရီးယား Tanker တစ်စင်း နစ်မြုပ်မှု မြန်မာလူမျိုး Chief officer တစ်ဦး သေဆုံး

မဇ္ဈိမ။ ။ကိုရီးယား Tanker တစ်စင်းနစ်မြုပ်မှုတွင် မြန်မာလူမျိုး Chief Officer တစ်ဦး သေဆုံးခဲ့သည်ဟု Maritimebulletin တွင် သတင်းဖော်ပြထားသည်။

နစ်မြုပ်ခဲ့သည့် သင်္ဘောအမည်မှာ Kelsey 2 ဖြစ်ပြီး ကိုရီးယားနိုင်ငံ WOOSHIN Marine ပိုင် သင်္ဘောဖြစ် သည်။

အဆိုပါသင်္ဘောမှာ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ထိုင်ဝမ်ရေလက်ကြားတွင် နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်ရှိ သင်္ဘောသားအယောက် ၂၀ အနက် ၁၉ ဦးကိုကယ်တင်နိုင်ခဲ့သော်လည်း မြန်မာလူမျိုး Chief Officer မှာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သည့် မြန်မာလူမျိုး Chief Officer မှာ ကိုတင်မောင်ဦး ဆိုသူဖြစ်ကြောင်း သိရသည်။

သင်္ဘောမှာ အောက်တိုဘာလ ၁၄ ရက်နေ့က အင်ဂျင်ပြဿနာရှိသဖြင့် အရှိန်လျှော့ချထားပြီး ဆက်လက် မောင်းနှင်ခဲ့သော်လည်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် အင်ဂျင်ခန်းအတွင်းရေဝင်ရာမှ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောမှာ Chemical Tanker အမျိုးအစားဖြစ်ပြီး Chemical တန်ချိန် ၇၅၀၀ တင်ဆောင်လာ သည်ဟု သတင်းတွင်ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required