စစ်ကောင်စီကို တိုက်ခိုက်မှုအရှိန်မြှင့်တင်ရန် M4 သေနတ်ဝယ်ယူနိုင်ရေး ပြည်သူများပါဝင်ပေးကြရန် TGYR တပ်ဖွဲ့ မေတ္တာရပ်ခံ

စစ်ကောင်စီကို တိုက်ခိုက်မှုအရှိန်မြှင့်တင်ရန် M4 သေနတ်ဝယ်ယူနိုင်ရေး ပြည်သူများပါဝင်ပေးကြရန် TGYR တပ်ဖွဲ့ မေတ္တာရပ်ခံ

(မဇ္စျိမ)။ ။စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို တိုက်ခိုက်မှုများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် M4 သေနတ် ဝယ်ယူနိုင်ရေးပါဝင်ပေးကြရန် TGYR- Youth Guerrilla Counter Revolution အထူးပြောက်ကျားတပ်ဖွဲ့က ပြည်သူများထံမေတ္တာရပ်ခံထားသည်။

TGYR တပ်ဖွဲ့သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး များကို နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်နေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

“ငါန်းဇွန်းမြို့နယ်အတွင်းမှာ စစ်ခွေးအုပ်စု(စစ်ကောင်စီတပ်ဖွဲ့)က ပျူတွေကို အုပ်စုလိုက်ဖွဲ့စည်းနေတာ ပါ။ ပျူအဖွဲ့တစ်ဖွဲ့ကို သေနတ်ငါးလက်စီပေးထားတယ်။ သူတို့ကိုသွားတိုက်မယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့တွေက မောင်းပြန်သေနတ်မရှိတော့ တခြားမဟာမိတ်အဖွဲ့အစည်းကို အကူအညီတောင်းနေ ရပါ တယ်” ဟု TGYR တပ်ဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ငါန်းဇွန်းမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်လုပ် သေနတ်အများစုဖြင့်သာ စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ခုခံတိုက်ခိုက်မှုပြုလုပ်နေကြခြင်းဖြစ် သည်။

“ ကျွန်တော်တို့အဖွဲ့မှာ ကိုယ်ပိုင် သေနတ်တစ်လက်ရှိရင် ပျူအဖွဲ့တွေအားနည်းနေချိန် အခွင့်ကောင်းကို အသုံးချပြီး တိုက်ပွဲလုပ်လို့ရတယ်။ အခုက လက်လုပ်တွေနဲ့ပဲ တိုက်ပွဲဝင်နေရတယ်။ ပျူအုပ်စုတွေကို တိုက်ခိုက်ရာမှာလည်း သူတို့ရဲ့သေနတ်တွေကို ယူဖို့နီးစပ်တဲ့အခြေအနေတွေရှိပေမယ့် သေနတ်အစစ်မရှိ တော့ အခွင့်အရေးကောင်းတွေ လက်လွတ်ခဲ့ရတာရှိခဲ့တယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် စစ်တပ်နှင့် ပျူစောထီးများကို တန်ပြန်တိုက်ခိုက်ရာတွင် လိုအပ်သည့် M4 သေနတ်တစ်လက် ဝယ်ယူနိုင်ရန် Campaign ကို TGYR တပ်ဖွဲ့က အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ကာပြုလုပ်နေခြင်း ဖြစ်သည်။

M4 Campaign ကို လာမည့်နိုဝင်ဘာလ ၁၁ ရက်နေ့အထိ အချိန်တစ်လ သတ်မှတ်ထားကာ ပြည်သူများမှ တတ်နိုင်သည့် ငွေပမာဏဖြင့် ပါဝင်လှူဒါန်းပေးကြရန် မေတ္တာရပ်ခံထားသည်။

“ ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကမ်ပိန်းမှာ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု TGYR တပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

ငါန်းဇွန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို တိုက်ခိုက်မှုအရှိန်မြှင့်တင်နိုင်ပါက နယ် မြေထိစပ်နေသည့် တံတားဦး၊ မြင်းခြံနှင့် မန္တလေးမြို့တွင်ရှိသည့် စစ်ကောင်စီတပ်များကို အလွယ်တကူ တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်လျက်ရှိ သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ငါန်းဇွန်းမြို့နယ်တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို TGYR-Youth Guerrilla Counter Revolution (LPDF)နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ပဒေသာမိုင်း နှစ်ကြိမ်ဆွဲတိုက်ခိုက်မှုတွင် အယောက် ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် လက်လုပ်သေနတ်များ (ပုံ -TGYR Youth Guerrilla Counter Revolution အထူးပြောက်ကျားတပ်ဖွဲ့ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required