ကျေးရွာများကို မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ကျေးရွာများကို မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် ကျေးရွာများကိုမီးလိုက်ရှို့နေသည့် စစ်ကောင်စီ တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ အကျအဆုံးရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

“မင်းကုန်းရွာရဲ့ မြောက်ဘက်အထွက်နားကနေစပြီး တိုက်ပွဲဖြစ်တာ စံပြကွင်းအထိပဲ။ အဲဒီကနေ ဆက်ထွက်ပြီးတော့ စစ်တပ်ကပဲ တောထဲကတဲတွေကို မီးနဲ့ရှို့သွားတယ်။ ပြည်သူတွေကိုလည်း လိုက်ပစ် တယ်။ ပြည်သူတွေက သူတို့မြင်ကတည်းကပြေးတော့ အထိအခိုက်တော့မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကိုမသိရသေးသော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့က ရဟတ်ယာဥ်ဖြင့် ဝက်လက်မြို့နယ်အရှေ့ပိုင်းကို စစ်ကောင်စီတပ်က အင်အားချထားခဲ့ပြီးနောက် အဆိုပါစစ်ကြောင်းက ဝက်လက်မြို့နယ်အရှေ့ပိုင်းမှ ကျေးရွာများကိုဝင် ရောက်မွှေနှောက်နေပြီး အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ဖြင့် မန္တလေးတိုင်း၊ စဥ့်ကူး မြို့နယ်ဘက်မှ ထပ်တိုးအင်အား ထပ်မံဝင်ရောက်ကာ ကျေးရွာများကို ဆက်တိုက်မီးလိုက်ရှို့နေခြင်းဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ ဒေသခံဦးရေသောင်းနှင့်ချီကာ စစ်ဘေးရှောင်နေရပြီး ဘုရား လေးကုန်း၊ ပိတောက်ချုံ၊ မင်းရွာ၊ ဆင်နင်း၊ နွယ်နီချောင်၊ ခမိုးတန်း၊ မှတ်ထိ၊ သစ်ဆိမ့်ကျေးရွာတို့ မီးရှို့ဖျက် ဆီးခံထားရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required