ပါကစ္စတန် ဘာလိုချီစတန်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများ မြင့်တက်နေ

ပါကစ္စတန် ဘာလိုချီစတန်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများ မြင့်တက်နေ

ပါကစ္စတန်နိုင်ငံတွင် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများ ဖြစ်ပေါ်ပြီးနောက် ဘာလိုချီ စတန်ပြည်နယ် ၏ ခရိုင်ခြောက်ခုတွင် အောက်တိုဘာ ၅ ရက် တစ်ရက်တည်းအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၂၄၃၄ ဦးအထိ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။

နိုင်ငံ၏ ပြည်နယ်တချို့တွင် ရောဂါသယ်ဆောင်သော ပိုးမွှားကြောင့် ကူးစက်သည့် ရောဂါများ ဖြစ်ပွားမှုနှုန်း ရုတ်တရက် မြင့်တက်မှုကို မြင်တွေ့နေရသည်။

ဘာလိုချီစတန်ပြည်နယ်၏ နက်ဆီရာဘတ်၊ ဂျဖာရာဘတ်၊ ဆိုဟ်ဘတ်ပူရ်၊ ဂျဟယ်လ် မက်ဂ်ဆီ၊ ဆီဘီနှင့် ကာချီ ခရိုင်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ထောင်ချီ ရှိခဲ့ကြောင်း ပြည်နယ် ကျန်းမာရေးဌာန၏ မီဒီယာ ဆက်ဆံရေးအရာရှိ ဒေါက်တာ ဝက်ဆင်းမ် ဘေ့ဂ်က အောက်တိုဘာ ၅ ရက်တွင် ပြောသည်။

အဆိုပါ ရေကြီးမှုဒဏ်သင့် ဒေသများသည် ရေကြောင့် ဖြစ်ပွားသော ရောဂါများနှင့် ထိခိုက်မှုများ ဖြစ်လွယ်သည့် အခြေအနေတွင် ရှိနေခဲ့ကြောင်း ၎င်းက ပြောသည်ဟု The Express Tribune မီဒီယာက ဖော်ပြသည်။

နက်ဆီရာဘတ်နယ်မြေတွင် တစ်နေ့တည်းမှာပင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၂၄၃၄ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဌာန၏ ဒေတာအချက်အလက်များက ပြသနေပြီး ရေဘေးသင့် ဒေသများတွင် ဆေးကုသမှု စခန်း ၁၆၂၁ ခု ထူထောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required