လှည့်လည်နေထိုင်သူ တိဗက်တို့ကို ဖယ်ရှားပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်သည့် နေရာများအဖြစ်သို့ တရုတ်အစိုးရက ပြောင်းလဲ

By Tibet rights collective
12 October 2022
လှည့်လည်နေထိုင်သူ တိဗက်တို့ကို ဖယ်ရှားပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်သည့် နေရာများအဖြစ်သို့ တရုတ်အစိုးရက ပြောင်းလဲ

ဆိုညီဟု အမည်ပေးထားသည့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်သည့် မြေကွက်နေရာသည် တိဗက်ကုန်းပြင်မြင့်ရှိအမြင့်ဆုံးခရိုင်တွင် တည်ရှိသည်။

မီတာ၄၉၂၀ (၁၆၁၄၂ပေ) တွင်ရှိသော ဆိုညီမြေကွက်ကို ယခုအခါ ဆွန်းဟူဟုခေါ်ပြီး တရုတ်၏ အမြင့်ဆုံး နေရာဖြစ်သည်။

ယင်းနေရာတွင်ယခုအခါ လှည့်လည်သွားလာသူများကို ပြန်လည်နေရာချထားပြီး အသေးစားဓာတ်အားလိုင်း တစ်လိုင်းထောက်ပံ့ထားပေးခြင်းဖြင့်ပြီးပြည့်စုံသောမြို့နယ်အဖြစ် ဖွံ့ဖြိုးလာနေသည်။

၂၀၁၆ခုနှစ်နောက်ပိုင်းတွင်Sungrow Power Supply Co Ltd. သည်၂၀မဂ္ဂါဝပ်အင်ဗာတာများကိုပံ့ပိုးပေးခဲ့ပြီး ၁၃မဂ္ဂါဝပ်သည် ဆိုလာပြားများအတွက်ဖြစ်ပြီး ၇မဂ္ဂါဝပ်သည် စွမ်းအင်သိုလှောင်မှုစနစ်အတွက်ဖြစ်သည်။ယင်းနေရာကိုအဝေးထိန်းစနစ်ဖြင့်ထိန်းချုပ်ထားသည့်အသေးစားဓာတ်ပေးစနစ်တစ်ခုချိတ်ဆက်ထားသည်”ဟုကန်တန်ကတွစ်တာတွင်ရေးသားခဲ့သည်။

လှည့်လည်သွားလာသူများကို မသိနားမလည်သူများ၊ခေတ်နောက်ကျသူများနှင့်ဆင်ခြင်တုံတရားမရှိသူများဟု တရုတ်ကဆိုကာ စားကျက်မြေအလွန်အကျွံအသုံးပြုခြင်းသည် တိဗက်မြက်ခင်းပြင်ဂေဟစနစ်ကိုသိသိသာသာပျက်စီးစေခဲ့ကြောင်းပြောကြားခဲ့သည်။

တိဗက်လှည့်လည်သွားလာများ၏ကျင့်သုံးသောအစဉ်အလာစားကျက်မြေစနစ်သည်တိဗက်စားကျက်မြေများအတွက်အရေးပါပြီးအပင်မျိုးကွဲများနှင့်ပန်းဝတ်ရည်ထုတ်လုပ်မှုကိုကူညီပေးသည်။

“စားကျက်အလွန်အကျွံအသုံးပြုခြင်းမဖြစ်ပေါ်စေရန်၎င်းတို့သည်အိမ်မွေးတိရစ္ဆာန်အုပ်များကိုနွေရာသီစားကျက်မှဆောင်းစားကျက်စားရာသို့လှည့်ပတ်သည့်ပုံစံဖြင့်ရွှေ့ပြောင်းကြသည်။

ယင်းကဲ့သို့မြေယာစီမံခန့်ခွဲမှုနည်းပညာများသည်မြက်အသစ်ထွက်စေခြင်း၊တောရိုင်းတိရစ္ဆာန်များနေထိုင်ရာနေရာများတိုးတက်ကောင်းမွန်လာစေရန်နှင့်အာရှ၏ရေလှောင်ကန်ဖြစ်သည့်တိဗက်ကုန်းပြင်မြင့်ကိုတည်တံ့စေရန်ကူညီပေးသည်။

ဒရော့ပါနွားထိန်းသူများ (မြင့်မားသောစားကျက်တွင်နေထိုင်သူများ) သည်တိဗက်ရှိတိဗက်လူမျိုးများ၏လေးပုံတစ်ပုံခန့်ရှိသည်။

၎င်းတို့သည်တိဗက်ကောင်တီအများအပြားတွင်လူဦးရေ၏၉၀ရာခိုင်နှုန်းအထိရှိသည်။၎င်းတို့သည်စားကျက်အနေအထားများကိုနက်နဲစွာနားလည်သဘောပေါက်ပြီးကမ္ဘာတွင်ထင်ရှားသောစားကျက်မြေများ၏အစဉ်အလာမြေစီမံခန့်ခွဲသူများနှင့်ရေကိုကာကွယ်ပေးသူများဖြစ်ကြပြီးနှစ်ပေါင်း၈၀ဝ၀ကျော်ကြာသဘာဝနှင့်နီးစပ်သောစားကျက်မြေသဘာဝကိုထူးခြားစွာလိုက်နာကျင့်သုံးသူများဖြစ်ကြသည်။

နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရန် အသုံးပြုသည့် ခြံများက မြေဆီလွှာ၊လေ၊ ရေနှင့်အသီးအရွက်များပြောင်းလဲခြင်း၊မြေတိုက်စားခြင်းနှင့်လူ့ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။

မြေဟက်တာများစွာတွင်ဖြန့်ကျက်ထားသောဆိုလာခြံများသည်မြေယာပျက်စီးခြင်းနှင့်မျိုးရင်းတိရစ္ဆာန်များကိုဆုံးရှုံးစေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required