မိုးဗြဲမြို့တွင် ဆိုက်ကယ်စီးလာသည့် အမျိုးသား ၂ဦးကို စစ်ကောင်စီတပ် ပစ်ခတ်

မိုးဗြဲမြို့တွင် ဆိုက်ကယ်စီးလာသည့် အမျိုးသား ၂ဦးကို စစ်ကောင်စီတပ် ပစ်ခတ်

October 15

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း မိုးဗြဲ PDFက သတင်းထုတ်ပြန်သည်။

ယမန်​နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား ခရီးသွား ပြည်သူ နှစ်ဦးကို စက်တော်ရာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ တစ်ဦးမှာ ဦးခေါင်းထိ ပြင်းထန် ဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ လွတ်မြောက်လာခဲ့သည်ဟု မိုးဗြဲ PDFက ထုတ်ပြန်သည်။

ဒဏ်ရာရရှိခဲ့သော ပြည်သူတစ်ဦးကို မဟာမိတ်အဖွဲ့များက ပူးပေါင်းကယ်ထုတ်နေစဉ်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်မှု အနည်းငယ်ရှိသည်ဟုလည်း ဆိုသည်။

ထိုသို့သောအခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် မိုးဗြဲ-ပီကင်းကားလမ်းကို လုံးဝ (လုံးဝ) အသွားအလာ မပြုလုပ်ကြပါရန် မိုးဗြဲ PDF က ထုတ်ပြန် တိုက်တွန်းထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရှမ်းပြည်နယ်

#မိုးဗြဲမြို့

#စစ်ကောင်စီတပ်

#ပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly