ဂွမြို့နယ် မြို့နယ်ရဲစခန်းမှူးကား မောင်းနှင်နေစဉ် မီးလောင်မှုဖြစ်ပွါး

ဂွမြို့နယ် မြို့နယ်ရဲစခန်းမှူးကား မောင်းနှင်နေစဉ် မီးလောင်မှုဖြစ်ပွါး

မဇ္စျိမ။ ။ရခိုင်ပြည်နယ်၊ဂွမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်အချိန်၌ မြို့နယ်စခန်းမှူး စီးလာသည့်ကား မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဂွမြို့နယ်၊ ကျိန္တလီမြို့အထွက် အောင်သူဟိန်း စက်သုံးဆီဆိုင်အလွန်တွင် ကားမောင်းနေစဥ်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးလုံးမီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကားခေါင်းခန်းထဲက စလောင်တာဆိုတော့ ဝါယာရှော့လို့ယူဆလို့ရတယ်။ကားပေါ်မှာပါလာတာတော့ ဂွမြို့နယ် စခန်းမှူးအပါ ခန့်မှန်း ငါးယောက်လို့ကြားတယ်။ကားကို စခန်းမှူးကိုယ်တိုင်မောင်းလာတာဆိုပေမဲဲ့ သတင်းဖုံးဖို့ကြိုး

စားနေကြတယ်။ စခန်းမှူးက အသစ်ပြောင်းလာတာ မကြာသေးတော့ နာမည်တော့ မသိရသေးဘူး"ဟု ၎င်းကဆို သည်။

ထို့နောက် အဆိုပါမီးလောင်နေသည့်ကားကို ကျိန္တလီမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရန်အတွက် လာရောက်ခဲ့သော်လည်း ကားမီးလောင်ပြာကျပြီးမှသာ ရောက်ရှိလာခဲ့သည်ဟု ဒေသခံက ဆက်လက်ပြောသည်။

မီးလောင်ပြာကျခဲ့သည့်ကားမှာ တရားဝင်လိုင်စင်ဝင်ထားခြင်းမရှိသည့်Toyota Mark II အဖြူရောင်ကားအမျိုးအစားဖြစ်သည်ဟု သိရပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံကဆိုသည်။

လက်ရှိတွင် ရဲစခန်းမှူးမောင်းလာသည့်ကား မီးလောင်မှုနှင့် ပတ်သက်၍ ကားမောင်းလာသူအမည်နှင့် အဆိုပါကားပိုင်ရှင် အမည်များကို လွှဲပြောင်းရန် မြို့နယ်စခန်းမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက လုပ်ဆောင်နေကြသည်ဟု ဒေသခံ၏ ပြောပြချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required