လှိုင်မြို့နယ်ရှိ အမှတ်(၁)စစ်ကြောရေးနှင့် မရမ်းကုန်းမြို့နယ်ရှိ စစ်ကြောရေးတပ်များ တိုက်ခိုက်ခံရ

လှိုင်မြို့နယ်ရှိ အမှတ်(၁)စစ်ကြောရေးနှင့် မရမ်းကုန်းမြို့နယ်ရှိ စစ်ကြောရေးတပ်များ တိုက်ခိုက်ခံရ

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ အမှတ်(၁) စစ်ကြောရေး(လှိုင်မြို့နယ်)နှင့် မရမ်းကုန်းမြို့နယ်ရှိ စစ်ကြောရေးတပ်တို့ ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းက တိုက်ခိုက်ခံရကြောင်း သိရသည်။

လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ယမန် နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ပေါက်ကွဲသံကတစ်ချက်ပဲ။ စစ်ကြောရေးကို ဒရုန်းနဲ့ဗုံးကြဲတယ်လို့ကြားတယ်။ နည်းနည်းကြာတော့ ပစ်သံတွေကြားရတယ်။ အချက် ၂၀၊ ၃၀ လောက်ရှိမယ်။ နောက်မှသိရတာ ပစ်တာမဟုတ်ဘူးတဲ့ဗျ။ အိမ်ယာဝင်းတစ်ခုထဲက မီးရှူးမီးပန်းဖောက်တာပါတဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ည ၈ နာရီ ၁၁ မိနစ်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် အုတ်ကျင်းဘူတာရုံလမ်း ထောင့်ရှိ စစ်ကြောရေးတပ်အိမ်ထောင်သည်လိုင်းခန်းကိုလည်း မြို့ပြပြောက်ကျားများက အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ တိုက်ခိုက်တာက ည ၈ နာရီကျော်မှ တိုက်ခိုက်တာပါဗျ။ ကျွန်တော်တို့အရှေ့မှာ ဘယ် အဖွဲ့က တိုက်ခိုက်သွားသေးလဲတော့ မသိဘူးဗျ။ ကျွန်တော်တို့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် တာပါ။ ဒရုန်းနဲ့မဟုတ်ပါဘူးဗျ။ နောက်ဆက်တွဲကြားနေရတာက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုပြီး သတင်းတွေတက်နေတာတော့ တွေ့တယ်ဗျ။ ကျန်တော်တို့မှာ ခုချိန်ထိဒရုန်း ဝယ်နိုင်တဲ့ အင်အားမရှိသေးဘူး။ ဒရုန်းသာဝယ်နိုင်ရင်တော့ ဘယ်ပြောကောင်းမလဲဗျာ ရှယ်ကျွေးလို့ ရတာပေါ့” ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အဖွဲ့က ပြောသည်။

လှိုင်မြို့နယ်ရှိ အမှတ်(၁)စစ်ကြောရေးနှင့်တည်းခိုရေးစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအား မည် သည့်အဖွဲ့အစည်းမှ လုပ်ဆောင်ကြောင်း မသိရှိရသေးပေ။

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် အုတ်ကျင်းဘူတာရုံလမ်းထောင့်ရှိ စစ်ကြောရေးတပ် အိမ်ထောင် သည်လိုင်းခန်းကို တိုက်ခိုက်သူများမှာ Human Rights Defenders (HRD) အဖွဲ့မှဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ယမန်နေ့က စစ်ကြောရေးတပ်အိမ်ထောင်သည်လိုင်းခန်းကိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “ရန်ကုန် သွေး မအေးနေဘူးဆိုတာသိစေဖို့ ကျွန်တော်တို့ HRD နဲ့ မဟာမိတ်တွေကတော့ ရတဲ့နည်းနဲ့ ခွေးတွေ (စစ်ကောင်စီတပ်ဖွဲ့)ကို နည်းအမျိုးမျိုးနဲ့တိုက်ခိုက်နေမှာပါပဲဗျ” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required