ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

October 13

မဇ္စျိမ ။ ။ ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်အား တိုက်ပွဲဝင်လျက်ရှိသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF – Daai ၏ အရေးပေါ်လို အပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ အောက်တိုဘာလ ၁၂ရက်နေ့တွင် ထုတ်ပြန်သည်။

အောက်တိုဘာ ၁၄ရက်မှ ၁၆ရက်နေ့အထိ နံနက် ၇နာရီ ၃၀မိနစ်မှ စတင်ကာ ချင်းအဆိုတော် ထောင်ဘွေး ၊ ဒေးဗစ်လိုင်နှင့်အတူ Vaurawng Team တို့က ပူးပေါင်း၍ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Chinland Defense Force – Daai သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အခြေချ လှုပ်ရှားပြီး မင်းတပ် ၊ မတူပီ ၊ ကန်ပက်လက်မြို့နယ်များသို့ စစ်ကူအဖြစ်သွားရောက် ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ချင်းပြည်နယ်၏ အမျိူးသားလုံခြုံရေးအတွက် အလွန်အရေးကြီးသည့် ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် နယ်စပ်တစ်လျောက် အဓိကလှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

CDF -Daai အတွက် အရေးပေါ် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိပြီး တော်လှန်ရေးကာလ အရှိန်မြင့်လာသည်နှင့်အမျှ မြေပြင်တွင် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် ဆေးဝါးပစ္စည်းများပြတ်လပ်နေပြီး မိုးကာအင်္ကျီများနှင့် အနွေးထည်များစွာ လိုက်အပ်လျက်ရှိနေကြောင်း CDF -Daai အထွေထွေအတွင်းရေးမှူး Ai Bax က ဆိုသည်။

အရေးပေါ်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်သောကြောင့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို လူကြီးမင်းများ ကိုယ်တိုင် လာရောက်ကူညီ ပါဝင်ပေးနိုင်ပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါကြောင်း CDF -Daai ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးသိရသော မြေပြင်အခြေအနေများအရ CDF – Daai လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့မှုမဖြစ်ပွားသော်လည်း မကြာခဏ ဝေဟင်မှ ရဟတ်ယာဉ်များ ပျံသန်းပြီး ထောက်လှမ်းမှုမျိုးရှိနေကြောင်း အထွေထွေအတွင်းရေးမှူးက ထပ်ဆင့်ပြောကြားခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ချင်းပြည်နယ်

#CDF

#ရံပုံငွေဖျော်ဖြေပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly